ဦးကောဝိဒ၏ ပညာဒါန

စစ်ကိုင်းမြို့ ၊ စစ်ကိုင်းတောင်ရိုး အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မျက်မမြင်ကျောင်းသား
တစ်ဦးအား နော်ဝေနိုင်ငံမှ ဆွမ်းဒါယိကာမကြီးတစ်ဦးမှ ဂစ်တာတစ်လက်လှူဒါန်းခဲ့ပါသည်။


ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့ စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။
ပြောင်းလဲ ခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲ သူမအတွက်
အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။

"ချိုရယ် မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ
ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"

ချစ်သူ၏နွေးထွေးသောစကားသံများသည် သူမအတွက် ငြိမ့်ညောင်းသော ဂီတသံများ
ဖြစ်ခဲ့ဖူး ပါသည်။

"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏
ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ ရင်ထဲမှာတော့
တိတ်တခိုး ပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသ
ည်။ မင်္ဂလာဆောင်ပြီး
နောက်တစ်နေ့မှာတော့
သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။

"ချိုမင်းကိုယ်တို့ မွတ်စလင်ဘာသာထဲဝင်ရမယ်.။"

"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"

"မရဘူးချို ကိုယ့်ခင်ပွန်းရဲ့ဘာသာကို ဇနီးသည်က
လိုက်ယူရတာ ကိုယ်တို့
မွတ်စလင် ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။

"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"

"အေးလေ အားလုံးချို့အလိုကျ ထားတယ်လေ အ
ခုချို့မှာ တီဗွီ၊ ဗီစီဒီ၊
ရေခဲသေတ္တာ၊ အဲယ်ကွန်း၊ တယ်လီဖုန်း၊ သွားစရာရှိရင်ကား
အားလုံးပြည့်စုံနေပြီ။ ဒါတွေအားလုံး ချို့ကိုချစ်လွန်းလို့
ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"

အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာ

ခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင် လုံလောက်ပြီလို့ထင်ခဲ့တဲ့
သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။ အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲ
သူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။


"ဟယ်...အမေလာတယ်၊ ၀မ်းသာလိုက်တာအမေရယ် သမီးလေ အမေ့ကို အရမ်း
အောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"


"အေး..ကောင်းပါတယ်သမီးရယ်၊ အမေလည်း ငါသမီးသားဦးလေးမွေးတယ် ကြားကတည်းက
လာချင်နေတာ အိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့ မရတာနဲ့
တော်တော်နဲ့မလာဖြစ်ဘူး။ ဒါနဲ့ငါမြေးကြီး ကြည့်စမ်းပါ ရစေအုံးဟယ်။ ငါ့မှာ
မြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ ၀မ်းသာ
နေတာ..ဟဲ့။"

အမှတ်မထင် ပြောလိုက်သော မိခင်ဒေါ်ရင်၏စကားသံကြောင့် သူမထိပ်ထိပ်ပြာပြာ
ဖြစ်သွားရသည်။ သူမ၏ ခင်ပွန်းက မီးဖိုခန်းမှာ ထမင်းစားနေခိုက်ဖြစ်၍
တော်ပေသေးသည်။ ဒေါ်ရင်ကတော့ သူမအဖြစ်ကို
မသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။

........*................*.........*

အကြားအမြင်ဗဟုသုတနည်း၍ ရိုးသားလွန်းသောမိခင
်နှင့် မွတ်လင်ဘာသာဝင်
ခင်ပွန်းသည်တို့အကြား ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍
ဂရုစိုက်ခဲ့သည့်ကြားမှာပင် ပြဿနာက ရိုင်းပြစွာဝင်
ရောက်လာခဲ့ ပါသည်။

"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"

"ဟင်...အမေဘာလုပ်မိလို့လဲ"

"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာ ငါကိုယ်တိုင်
မြင်လိုက်လို့ပေါ့"


"သြော်-အစ်ကိုရယ် ရွာမှာလဲ အမေက နေ့တိုင်း ဒီလိုဆွမ်းေ
လာင်းနေကျလေ။
ဒီမှာလည်း ထမင်းဟင်းအဆင်သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"

"မလိုချင်ဘူးကွာ- သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာ
ငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြော
မင်းမပြောရင်ငါပြောရလိမ့်မယ်။"


"အို-အကိုပြောစရာမလိုပါဘူး၊ ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"

မိခင်အား ရန်လိုထိပါးလာမည့်ကိစအတွက် သူမကြမ်းတမ်းစွာ
တုန့်ပြန်လိုက်ချင်ပါသည်။ သို့သော်ပြဿနာက ပိုကြီးထွားလ
ာနိုင်သည့်အတွက်
နာကျင်မှုတို့ရောစွက်နေသောဒေါသကို အသာမျိုသိပ်ထားလိုက်ရသည်။

သူ့မိခင်ပြန်သောနေ့တွင် မော်တင်သင်္ဘောဆိပ်သို့

သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်က အဆင်းမှာပင်
ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူ အိမ်နီးချင်း
မိန်းကလေးများနှင့်ဆုံဖြစ်သည်။


"ဟယ်-မချိုဝလာလိုက်တာဟယ်၊ သူဌေးမရုပ်တကယ်ကျတယ်သိလား၊
နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။ ငါ့မှာတော့နင့်ကိုနေ့
တိုင်းသတိရနေတာ။"

"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ ငါမှာအပြင်လဲ
ကောင်းကောင်းထွက်ခွင့် မရ၊ သားလေးကလည်း
ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"


"သြော် ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာ ဆိုင်းပါတ
ယ်သိလား၊
တန်ဆောင်တိုင် မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာ
ရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာ ငွေမတည်ပြီး မီးပန်းတောင်းပွဲကို
အထူးစပါယ်ရှယ်လုပ်ပေးမှာတဲ့။ အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"

"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"

ပြောသာပြောရသည် သူမဘ၀သည် ရွာကစည်ကားလှသောအလှူပွဲ၊ ကထိန်ပွဲများနှင့်
အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟ
"
တချက်လွတ်အမိန့် ထုတ်ခံခဲ့ရပြီးဖြစ်သည်။ ကိုယ့်ဝမ်းနာကိုယ်သာသိမို့
သူငယ်ချင်းများကို ရွာအကြောင်း
မပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။

မိမိ၏ကျဉ်းကျပ်သောဘ၀နှင့် ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကို
သူငယ်ချင်းများမရိပ်မိစေရန်အပြုံးတုဖြင့် ဖုံးထားရင်းစကားပြောနေရသည်။

အပြန်လမ်းတစ်လျှောက်တွင် ကားပေါ်လိုက်ပါရင်း ရွာကပွဲတော်တွေအကြောင်း
သူမတွေးနေမိသည်။ သူမ၏ အပျိုစင်ဘ၀ အပျော်ဆုံးအချိန်များသည်
ရွာမှပွဲတော်ရက်များပင် ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ ဘုရားပွဲ၊ ရှိပြီဆိုလျှင်
တဒေါက်ဒေါက် ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသေ
ာ ကြက်သွန်လှီးပွဲမှာ
သူမပါဝင်စမြဲ။ ကွမ်းတောင်
ပန်းတောင်ကိုင်အဖွဲ့နှင့် အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်
သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှ
င့်သင်္ကြန်ရက်များတွင်
ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ် လုပ်ရသည်မှာလဲ ပျော်စရာ
ကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သော သူငယ်ချင်းများမှာ ပျော်ရွှင်စရာ
ဤပွဲတော်ရက်များကို ဆက်လက်ဆင်နွဲ ကျပေဦးတော့မည်

သူမမှာတော့ပွဲတော်ရက်များရောက်တိုင်း လွမ်းမောခြင်းနဲ့သာ
အချိန်ကုန်နေရပြီဖြစ်သည်။ ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကို
သူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍ အတွေးကိုရပ်
ရန်ကြိုးစားလိုက်သည့်တိုင် မျက်ရည်စီးကြောင်းတို့က ပ
ါးပြင်ပေါ်သို့
လိမ့်ဆင်းလာသည်။

*................*...........xxxxxxx........*......................*

ဤခုနှစ်ဆူကုန်သော......မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်... ရွှေဖ၀ါးရတနာ... စကြာရွှေဖ၀ါး.
... ဖြန့်ငြား........
ဖြန့်ငြားပါစေသော်။

သူမတို့နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှ
လွင့်ပျံလာသောအသံချဲ့စက်အသံ။ ဤသီချင်းသံသည် ရွာမ
ှာအလှူဘုရားပွဲရှိတိုင်း
ဖွင့်နေကျ သီးချင်းသံဖြစ်သည်။ အခုမှပို၍တမ်းတစွာ နား
ထောင်ဖြစ်သည်။
ရွာကိုပို၍သတိရမိသည်။
သူမတို့အရပ်တွင် အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်
သီချင်းသံကို စတင်ကြားရသည်။ ထိုအချိန်တွင် သူမတို့အမျိုးသမီးအုပ်စုက
ကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့် အလုပ်ရှုပ်ကျမည်။ ဦးည
ွန့်တို့
ဦးအောင်လံတို့၊ ဦးကြီးများက အကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့်
လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာ ပြေးလွှားဆော့ကစား၍
အချို့ကအသံချဲ့စက်နားတွင် ၀ိုင်းအုံနေကြမည်။ ညနေပိုင်းတွင်
အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့်
ကလေးလူကြီးအားလုံးပျော်ပျော် ပါးပါးစားသောက်ကျတော့မည
်။

ဤသီချင်းနှင့် စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်းအစုံသည်
သူမနှလုံးသားထဲ အသွေးအသားထဲအထိ ရုန်းကြွလှုပ်ရှားဆူေ
ဝလာစေ၏။
ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့ သူမ ထွက်ကြည့်လိုက်သည်။
ယောဂီလုံချည်များဝတ်လျှက် သာသနာတော်အကျိုး အတွက်ေ
ငွဖလားကိုယ်စီကိုင်ကာ
အလှူခံနေသူများ၊ တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊
ကျောင်းတော်ကြီးအတွင်းဝင်၍ ဘုရားဝတ်ပြုနေသူများ၊ ကျက်သရေရှိလှသော
မြင်ကွင်းအစုံကို သူမလွမ်းမောစွာ ငေးကြည့်နေမိသည်။ ဖြစ်လ
ိုရာဖြစ်စေတော့
ပိုက်ဆံအိတ်ထဲမှ ငွေသုံးထောင်ကျပ်ကို ထုတ်ယူ၍
ခပ်သုတ်သုတ်သွားလှူလိုက်သည်။ ဘ၀တသက်တာအတွင်းမှာ အရသာအရှိဆုံးအလှူဟု
သူမဘာသာမှတ်ချက်ပြုရင်း ကြည်နူးလိုက်သည်ဖြစ်ခြင်း။

.......................................................*.........................
..........................

"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"

သင်္ကန်းကို သပ်ရပ်စွာရုံထားသော ကိုရင်နှစ်ပါးက သူမကိုမြင်၍
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သော
ဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသောသူမကို တွေ့လိုက
်၍ အားကိုးတကြီး
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့
ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။


"အရှင်ဘုရား တပည့်တော်.......?........မွတ်စလင်ဘာသာကြားထဲ ရောက်နေလို့
ဆွမ်းလှူခွင့်မရှိပါဘုရား"


တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမ အသံချောက်ကပ်စွာ ထွက်ပေါ်လာသည်။
ကိုရင်များကသူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့် ကြည့်၍
လှည့်ပြန်သွားကြလေပြီ။

အလှူအတန်း ရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ. သဒ္ဓါစေတနာထက်သန်သော
အမိအဖတို့၏သမီးဖြစ်သူ၊ ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍ အလ
ှူအတန်းကို
ရက်ရောစွာ ပြုလုပ်လိုသူ ယခုတော့ ဆွမ်းလာဖိတ်သော ကိုရင်များကို
ဘာသားခြားပါဟူ၍ ငြင်းဆန်လိုက်ရပြီ။ ရင်ထဲမှာ နင့်နေအောင်ခံစားလိုက်ရသည်။
တလှိုက်လှိုက် တက်လာနေသော ရင်တွင်းသောကကို ဘယ်လိုမှထိန်းမထားနိုင်တော့။
အိပ်ခန်းတွင်းသို့ဝင်၍ အားရအောင်

ငိုရှိုက်ပစ်လိုက်သည်။

.......*.........*............xxxxxxxxxxxx........*........*..........

တိတ်ဆိတ်သောပတ်ဝန်းကျင် ခပ်စိမ့်စိမ့်လေနုအေး
ကြည်နူးဖွယ်ဆည်းလည်းသံတို့ကို ခံစားရင်း အလင်းရောင်ခပ်ဖျော့ဖျော့အောက်ဝယ်
ထီးထီးမားမားတည်ရှိနေသော စေတီတော် မြတ်ကြီးကို ဦးချရှိခိုးလိုက်သည်။
တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။ သည်အခိုက်အတန့် လေးမှာပင်
မြင်ကွင်းအားလုံးပျောက်ကွယ်ခဲ့ရပါပြီ။ သူမ အိပ်ယာကလန့်နို
းခဲ့သည်။

"ဟင်-ငါရွှေတိဂုံဘုရားကို အိမ်မက်မက်နေတာပါလား။ သြော်....မချိုရယ်..
ဘုရားက ညည်းကို အမြင်မှန်ပြနေပါလား။ ချစ်သမီးက
ကိုယ့်ရဲ့ဘာသာကိုစွန့်ခွာသွားပေမယ့် ငါကချစ်သမီးကို

မမေ့ပါဘူးလို့ပြောပြနေတဲ့ အတိုင်းပါပဲလား"။

သူမတီးတိုးစွာရေရွတ်မိသည်။ မိုးစင်စင်လင်းသွားသည့်တိုင် ဆက်၍အိပ်မရတော့။
မြင်သိစိတ်၏အာရုံမှာ အိမ်မက်ထဲကစေတီတော်မြတ်ကြီး၏ ပုံေ
တ်ာမြင်ကွင်းက
ဖျောက်ဖျက်မရတော့။ နေ့လည်ထမင်းစားပြီးသည်နှင့် သားလေးကိုခေါ်ကာ
ရွှေတိဂုံဘုရားသို့ ထွက်လာခဲ့သည်။ သူမခင်ပွန်းအပြင် သွားခိုက်ဖြစ်၍
အိမ်တံခါးကို ပိတ်ထားခဲ့သည်။ ဖြစ်လိုရာဖြစ်စေတော့ နောက်ပြဿနာနောက်မှ
ကြည့်ရှင်းတော့မည်။ အိမ်မက်ထဲကအတိုင်းပါပဲ စေတီတော်မြတ်ကြီးက
ဆည်းလည်းသံကလုံကလင်များဖြင့် နွေးထွေးစွာကြိုဆိုလျှက် ရှိ၏။
ဤစေတီတော်မြတ်ကြီးအား သူမတသက်တာဖူးခွင့်မရတော့
ဟု ထင်မှတ်ထားခဲ့ရာ ယခုတော့
စွန့်စွန့် စားစား ဖူးမြင်ခွင့်ရလိုက်သောကြောင့်
စိတ်ကြည်နူးချမ်းမြေ့မှု အပြည့်ဖြင့် အားပါးတရရှိခိုးပူဇော်လိုက်သည်။
သို့တိုင်အောင်ဖူးမြင်၍မ၀နိုင်အောင်ရှိလှ၏။

"အမား...ဘာလုပ်နေတာလဲဟင်"

အနီးတွင်ထိုင်နေသောသားလေးက သူမအား နားမလည်ဟန်ဖြင့်မေးလိုက်သည်။

"သြော်--သားသား--အမားဘုရားရှိခိုးနေတာလေ။ ဟောဟိုမှာတွေ့လား။
အဲဒါသားသားတို့ ဘုရားကြီးပေါ့။ သားသားလည်း ရှိခိုးရမယ်နော်"။

သားလေးကိုသူမရင်ခွင်ထဲထိုင်စေလိုက်သည်။ လက်နှစ်ဖက်ကို
လက်အုပ်ချီပုံစံပြုစေ၍ နဖူးထက်တွင် တင်ပေးရင်း စေတီတော်
မြတ်ကြီးရှိရာသို့
ဦးတိုက်ထားလိုက်သည်။

"သားသားလိုက်ဆိုစမ်း အမားဆိုသလိုလိုက်ဆိုစမ်း ..........

..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊

ဓမံ္မ သရဏံဂစ္ဆာမိ....၊

သံဃံ သရဏံ ဂစ္ဆာမိ။

သားလေးကို တိုင်ပေးရင်း သူမရောသားလေးပါ သရဏဂုံဆောက်တည်ပြီး ဖြစ်သည်ဟု
မှတ်ယူလိုက်သည်။

..............**------**-----xxxxxxxx-----****-----****.............

ဘုရားကပြန်လာပြီး နောက်တနေ့မှာပင် သူမခင်ပွန်းက
ဆန့်ကျင်ဘက်ဖြစ်လွန်းသော
စကားတစ်ခွန်းဖြင့် တိုင်ပင်ခဲ့ပါသည်။

"ချို-သားလေးကိုကိုဝတ်ကျောင်းခေါ်သွားအုံးမယ်"

"အို-သားလေးက.. အခုမှလေးနှစ်ကျော်ရုံလေးရှိသေးတာ
ငယ်ပါသေးတယ်။ အစ်ကိုရယ်
ဖြည်းဖြည်းမှခေါ်တာပေါ့။"


"ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးပြီခေါ်သွားမှဖြစ်တော့မယ်။"

ဆန္ဒ၏နောက်မှာအာဏာတို့ ရောစွက်နေသော သူမခင်ပွန်း၏စကားလုံးများကို
သူမတော်လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။


.....................**.......................**.....................*...................

သူမခင်ပွန်းနှင့်သားလေးတို့ ထွက်သွားပြီး တစ်နာရီခန့်အကြာမှာ သူမအမည်ကို
အရေးတကြီး ခေါ်သံကြားလိုက်ရသည်။

"မချို-----မချို----မချို"

"ဟဲ့----အီမန်ဘာလို့ဒီလောက်အရေးတကြီးခေါ်နေရတာလ
ဲ"

"အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန် အစ်မတို့ကလေး
ကားတိုက်ခံရလို့ ..အဲဒါ ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့"

"ဘာ..သားလေးကားတိုက်ခံရလို့"

သူမရင်ထဲ မီးစနှင့်ထိုးသွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ထားသော
ကြမ်းပြင်နေရာသည် ဦးစိုက်ကျွမ်းပြန် ဖြစ်သွားသည်ဟု မှတ်ထင်လိုက်ရသည်။
ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်ေ
နသော
သားလေးအလောင်းကို တွေ့လိုက်တော့ သူမရင်ထဲဆို့နင့်သွားသည်။ သားလေးအား
ကြီးစွာသောသနားခြင်းနှင့်အတူ လက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသောအသိကြောင့်
နှလုံးသားသည် တဆက်ဆက်တုန်နေ၏။ ငိုရှိုက် လိုက်သည့်တိုင်
ရင်ဝ၌တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။ သားလေးအား
သဂြိုလ်ပြီးစီးသည့်နေ့မှာပင် သူမခင်ပွန်းက
ပဟေဠိဆန်သောမေးခွန်းတစ်ခုကိုမေးလာသည်။


"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"

"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ ဗလီကိုခေါ်သွားလို့ပေါ့။
ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွား
တယ်။
ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"

သားလေးအတွက် ခံစားခဲ့ရသော နာကျင်မှုနှင့်ဒေါသတို့ ရောစွက်နေသည်ကြောင့်
သူမကြမ်းတမ်းစွာပြောဆိုပစ်လိုက်သည်။

"အေးငါလည်း အဓိကတရားခံဘယ်သူလည်းဆိုတာ သိစေချင်လို့ မင်းကိုမေးတာ။
သားလေးမဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ အိမ်နီးချင်းတွေပြောလို့
ငါအားလုံးသိပြီးပြီ။

သားလေးကို မင်းတို့ရွှေတိဂုံဘုရားခေါ်မသွားခဲ့ရင် ငါလည်းဝတ်ကျောင်းပို့ဖို့
အလောတကြီး စီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာ အကြောင်းမရှိဘူး။
သားလေးဆုံးရခြင်းရဲ့ အဓိကတရားခံက..မင်းကွ..။ မင်းသိရဲလား။"

"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလာပြီးမစွပ်စွဲပါနဲ့ အမေတစ်ယောက်က
သူ့သားတစ်ယောက်ကို သူတို့ဘုရားခေါ်သွားတာ အပြစ်ပြောစရာမဟုတ်ဘူး။
ဒါဘာထူးဆန်းလဲ"

"အေးသူများတွေအတွက် မထူးဆန်းပေမယ့် မင်းအတွက်ထူးဆန်းတယ်ကွ မင်းကိုယ်မင်း
ပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းက

မွတ်စလင်ဘာသာဝင်ဖြစ်နေပြီလေ"။

သူမရယ်သွမ်းသွေးရင်းပြန်လည်ချေပလိုက်သည်။

"ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။
ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက်တည်ပြီးသွားပြီ
အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလေ"


"ဘာ---ဘာပြောတယ်။ မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး တခြားဘာသာ
ပြန်ပြောင်းတယ်ပေါ့"

"စော်ကားတာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေးကို
ကျွန်မဘာသာဖန်တီးယူတာ။ အခုကျွန်မမှာ သားလေးလဲမရှိတော့ဘူး။
ဘာမှငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့ ရှင့်ကို ဆက်ပြီး
မပေါင်းနိုင်တော့ဘူး။ ကျွန်မရဲ့အခွင့်အရေးတွေကို ကျွန်မဆက်ပြ
ီး
အဆုံးအရှုံးမခံနိုင်တော့ဘူး"

"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့ မင်းဘာတစ်ခုမှ
ရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့ နေရာသွားနိုင်တယ်"။

သူမအ၀တ်အစားများကို အိမ်ထောင်ကျစဉ်က ယူလာခဲ့သောအိတ်ဖြင့် ထည့်၍
သင်္ဘောဆိပ်သို့ ထွက်လာခဲ့သည်။ သူမအတွက် ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်
သွားရမည့်နေရာအတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက
်သည်။
ခရီးသည်များ နားနေခန်းသို့ဝင်၍ စာတစ်စောင်ရေးလိုက်သည်။

......xxxxxxx...............xxxxxx.............xxxxxx............

"အေးမာ၊ မဆွေ၊ ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကို ဖက်နေတဲ့
အချိန်မှာ ငါဟာမချိုအဖြစ်နဲ့မဟုတ်တော့ပဲ
လောကီကိုစွန့်ခွာသွားတဲ့သီလရှင်တစ်ပါး ဖြစ်နေပါပြီ။ ငါလေ တို့ငယ်ငယ်က
နုတ်တိုက်ကျက်ခဲ့ဘူးတဲ့ သားသမီးကျင့်ဝတ်ငါးပါး လင်္ကာထဲက
"စောင့်လေမျိုးနွယ်"ဆိုတဲ့စာကြောင်းလေးကို မိုက်မဲစွာ

လျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သားလဲဆုံး၊
ဘ၀လည်းဆုံးခဲ့ရတယ်။ အမျိုးအနွယ်ကို စောင့်ရှောက်ဘို့တာဝန်ပျက်ကွက်သူ၊
ဒို့ရဲ့ချစ်စရာကျေးလက်စရိုက်တွေနဲ့ ဝေးကွာသူလည်း ဖြစ်ခဲ့ရတယ်။
နင်တို့နဲ့အတူ တခြားဒို့ရဲ့သူငယ်ချင်း တွေကို ငါ့လိုအဖြစ်မျိုး
မကြုံရအောင် ငါ့ဘ၀ကို သင်ခန်းစာယူပြီး အိမ်ထောင်ပြူမမှားကြပါ
နဲ့လို့
ငါသတိပေး တိုက်တွန်းလိုက်ပါတယ်"။


နင်တို့ရဲ့သူငယ်ချင်း

မချို

...........xxxx..............xxxxx.................xxxxx................xxx....

စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ ပေးဘို့ရန်
မှာကြားလိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သော သူမ၏
နောင်တဝေဒနာများ အတွက် သူမတက်နိုင်သောအစားထိုးကုသမှုဟု ခံယူလိုက်သည်။
သင်္ဘောများဥဒဟိုသွားလာနေသောရန်ကုန်မြစ်ပြင်ကြီးကို ကျောခိုင်းလိုက်သည်။
သူမရင်ထဲမှာ အိမ်ထောင်ရေး နောင်တများ၊ ဘ၀သင်ခန်းစာများ၊ လောကီသံဝေဂများ၊
ပွေ့ပိုက်ထည့်သွင်းလျှက် သူမ၏ခြေလှမ်းများက သီလရှင်များနေသော
ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့

(ဤ၀တ္ထုတိုလေးသည် အဖြစ်ပျက်မှန်တစ်ခုအား အခြေခံပြီး
ခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်
ဖြစ်ပါသည်။)
ဦးဥာဏဒီပ (ဒေလီ) မှပေးပို့သော forword မေးအားမျှဝေလိုက်ပါသည်။

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတစ်နှစ်ပြည့်အစီအစဉ်မှာ သံဃာတော်များကိုနတ်သုဒ္ဓါဒံပေါက်ဆွမ်းကပ်
လှူဖို့စီစဉ်ခဲ့ပါတယ်။ မနက်ဖြန် နံနက် ၄ နာရီခွဲအချိန်ကနေစတင်ပြီးကပ်လှူကြပါမယ်။
အလှူရှင်များထပ်မံတိုးတဲ့အတွက် အလှူရှင်များစာရင်းတင်ပေးလိုက်ပါတယ်။
၁.မခင်ငြိမ်းချမ်းဦး (မလေးရှား) မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ၉၉၀၀၀ ကျပ်
၂.မသန္တာဝင်း (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၃.မမေမြတ်နိုးခိုင် (မြန်မာ)(စင်္ကာပူ)မှ သံဃာတော် ( ၉ ပါး) အတွက် အလှူငွေ ၁၈၉၀၀ ကျပ်
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး) အတွက်အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၅.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု (စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၃၀)
၆.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု (စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၇.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၉၀)
၈.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၉.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၀.ဒေါ်ကြည်ကြည်စိန် မိသားစု(အင်းစိန်)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၁.ကိုကြီး (စင်္ကာပူ)မှ သံဃာတော် ( ၁၀၀ )ပါး အတွက် အလှူငွေ ၂၁၀၀၀၀ ကျပ်
၁၂.ကိုလှဖုန်းမြင့်+မချိုချိုမော်မိသားစု (ဘန်ကောက်)မှ သံဃာတော်(၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၃.ဦးဆန်းမော်+ဒေါ်အေးမွန်ထွန်း(ယိုကိုဟားမား-ဂျပန်)မှ သံဃာတော် (၁၅)ပါးအတွက် အလှူငွေ ၃၁၅၀၀ ကျပ်
၁၄.ကိုဇော်လင်းနိုင်+မဥမ္မာသန့် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ကျပ်
၁၅. ဦးစိုးမိုးညွှန့် +ဒေါ်မိုမို (USA) (LA) မှ သံဃာ ၁၀ ပါးအတွက်
၁၆. ချိုဒီဇိုင်နာ မှသံဃာ (၁၀) ပါးအတွက်
၁၇.မသင်း မှ သံဃာ (၅) ပါးအတွက်
၁၈.မမမြင့်ဉ္ဇူမှ သံဃာ (၅) ပါးအတွက်
၁၉.မတင်ဇာမော် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၀.မလဲ့သူလှိုင် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၁.sweetpeony - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၂.ထက်ထက်အောင် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀

စစ်ကိုင်းမြို့ ၊စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း ၊သဒ္ဓမ္မပါလကျောင်းတိုက်တွင် ၉.၇.၂၀၁၀ ရက်နေ့ ဦးဇင်း
မွေနေ့တွင် စတင်တည်ထောင်ဖြစ်ခဲ့သော စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းးတစ်နှစ်ပြည့်အဖြစ်
ယခု ၉.၇.၂၀၁၀ ရက်နေ့တွင် ကျင်းပမှာဖြစ်ပါတယ်။
            အဆိုပါ ဆွမ်းလောင်းအသင်းတစ်နှစ်ပြည့်  အခမ်းအနား အစီအစဉ်များမှာ ၈.၇.၂၀၁၀ ရက်နေ့အကြိုနေ့ ည(၇း၃၀)နာရီတွင်  စစ်ကိုင်းမြို့ (ရွှိုင်ရယ်)ပညာရေးစင်တာမှ ကျောင်းအုပ်ဆရာတာ် ဦးဝဇီရဥာဏ တရားပွဲအစီအစဉ်
၉.၇.၂၀၁၀ ရက်နေ့ နံနက် (၄း၃၀)နာရီမှစ၍ သံဃာတော် (၃၇၃)ပါးတို့အား နတ်သုဒ္ဓါဒံပေါက်ဆွမ်းများကပ်လှူ
ပြီး(၁၀း၃၀) အချိန်တွင် နာယကဆရာတော်နှင့်သြ၀ါဒဆရာတော်ကြီးများအားနေ့ဆွမ်းကပ်လှူပြီး ည(၇း၃၀)
အချိန်တွင် သြ၀ါဒဆရာတော်တစ်ပါးဖြစ်သော စစ်ကိုင်းမြို့ မြစင်္ကြာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ မှ  တရာရေအေးအမြိုက်ဆေးကိုတိုက်ကျွေးမည်ဖြစ်ပါသည်။ ၉.၇.၂၀၁၀ ရက်နေ့
တရားပွဲဓမ္မဒါနကုသိုလ်ရှင်များကတော့ ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး) ဖြစ်ကြပါတယ်။ ဦးကြည်သာစိုး( MAM Computer Center ) မှ ဝေယျာဝစ္စများအတွက် သုံးသောင်းကျပ်လှူဒါန်းထားပါတယ်။
ဆွမ်းအလှူရှင်များ
၁.မခင်ငြိမ်းချမ်းဦး (မလေးရှား) မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ၉၉၀၀၀ ကျပ်
၂.မသန္တာဝင်း (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၃.မမေမြတ်နိုးခိုင် (မြန်မာ)(စင်္ကာပူ)မှ သံဃာတော် ( ၉ ပါး) အတွက် အလှူငွေ ၁၈၉၀၀ ကျပ်
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး) အတွက်အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၅.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု (စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၃၀)
၆.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု (စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၇.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၉၀)
၈.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၉.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၀.ဒေါ်ကြည်ကြည်စိန် မိသားစု(အင်းစိန်)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၁.ကိုကြီး{ကိုရီး} (စင်ကာပူ) မှ သံဃာတော် ( ၁၀၀ )ပါး အတွက် အလှူငွေ ၂၁၀၀၀၀ ကျပ်
၁၂.ကိုလှဖုန်းမြင့်+မချိုချိုမော်မိသားစု (ဘန်ကောက်)မှ သံဃာတော်(၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၃.ဦးဆန်းမော်+ဒေါ်အေးမွန်ထွန်း(ယိုကိုဟားမား-ဂျပန်)မှ သံဃာတော် (၁၅)ပါးအတွက် အလှူငွေ ၃၁၅၀၀ ကျပ်
၁၄.ကိုဇော်လင်းနိုင်+မဥမ္မာသန့် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ကျပ်
၁၅. ဦးစိုးမိုးညွန့် +ဒေါ်မိုမိုအောင် (USA) (LA) မှ သံဃာ ၁၀ ပါးအတွက် ၂၁၀၀၀ ကျပ်
၁၆။ ချိုဒီဇိုင်နာ   မှ သံဃာ (၁၀)ပါးအတွက် ၂၁၀၀၀ ကျပ်
၁၇. မသင်း မှ သံဃာ (၅) ပါးအတွက် ၁၀၅၀၀ ကျပ်
၁၈. မမြင့်ဉ္ဇူ မှသံဃာ (၅)ပါးအတွက်  ၁၀၅၀၀ ကျပ်
အသီးသီးလှူဒါန်းထားကြပါတယ်။



စစ်ကိုင်းမြို့ ၊ စစ်ကိုင်းတောင်ရိုး ၊လပြည့်ဝန်းလမ်း တွင် ၉.၇.၂၀၀၉ ရက် မှ စ၍ သံဃာတော်များအား
ဦးဇင်းမွေးနေ့အဖြစ် နတ်သုဒ္ဓါဒံပေါက်ဆွမ်း နှင့်ရေခဲမုန့်များအားကျောင်းအတွင်းမှာပင်ဆပ်ကပ်လှူဒါန်းခဲ့ပြီး
ထိုနေ့မှစ၍ အလှူရှင်များနှင့်တိုင်ပင်ဆွေးနွေးဖြစ်ခဲ့ပြီး ဆွမ်းလောင်းအသင်းတစ်ခုအောင်မြင်စွာ ဖြစ်ထွန်းလာခဲ့ပါသည်။ စစ်ကိုင်းတောင်မှဆွမ်းခံထွက်ကြသော သံဃာတော်များ ၏အခက်အခဲများ၊ ကျောင်း
တိုက်တိုင်းတွင် အရုဏ်ဆွမ်းမရှိ၍ ဆွမ်းခံပြန်လာမှ သပိတ်ထဲမှ ဆွမ်းအချို့အားအရုဏ်၊နေ့ဆွမ်းနှစ်နပ်စာ
ဘုန်းပေးကြရပါတယ်။ ထို့ကြောင့်ဆွမ်းလောင်းအသင်းမှ ဆွမ်းခံကြွကြသောသံဃာတော်များအား နံနက်
အရုဏ် ဘုန်ပေးနိုင်ရန် ၊မုန့်ဟင်းခါးဆွမ်း၊ ကြာဇံချက်ဆွမ်းများစီစဉ်ပေးပြီး၊ ဆွမ်းဟင်းလေးမျိုးဖြင့်အပတ်စဉ်
တနင်္လာနေ့တိုင်းလောင်းလှူပေးလျှက်ရှိပါသည်။ ကြားရက်များတွင်လည်းအလှူရှင်ရှိရင်ရှိသလိုပဲလောင်း
လှူပေးလျှက်ရှိပါသည်။
            ယခုကဲ့သို့ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း အောင်မြင်စွာဖြစ်ထွန်းလာရေးအတွက် မေတ္တာရှင်ဆရာတော်အား နယကဆရာတော်အဖြစ်တာဝန်ယူဆောင်ရွက်လျှက် စစ်ကိုင်းမြို့တိုင်းသံဃနာယက အကျိုးတော်ဆောင်ဆရာတော် ၀ိပဿနာကျောင်းဆရာတော် ၊ စစ်ကိုင်းမြို့ မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော်ရတနာဓူဝံကျောင်းဆရာတော်၊စစ်ကိုင်းမြို့သောတာပန်ရပ် ကွက်ရပ်/ကျေးသံဃာ့နယကဆရာတော် အောင်မြေသာစံကျောင်းဆရာတော်၊ စစ်ကိုင်းမြို့ မြစင်္ကြာ ပရိယတ္တိစာသင်တိုက်ဆရာတော်၊ စစ်ကိုင်းမြို့ ဇိနောဒယ ပရိယတ္တိစသင်တိုက်ဆရာတော် များ ၏ သြ၀ါဒနဲ့ ကိုခံယူလျှက် အကျိုးတော်ဆောင်ဆရာတော်များ၊ အုပ်ချုပ်ရေးဆရာတော်များနှင့်အတူ ဥပဋ္ဌာပက အဖွဲ့ဝင်များ ပါဝင်လျှက် ဆောင်ရွက်လျှက်ရှိရာ ယခုလာမည့် ၉.၇.၂၀၁၀ ရက်နေ့တွင်တစ်နှစ်တင်းတင်းပြည့် ပြီဖြစ်၍ အဆိုပါဆွမ်းလောင်းအသင်းတစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲတစ်ခုကျင်းပလိုပါသည်။
        အဆိုပါဆွမ်းလောင်းအသင်းတစ်နှစ်ပြည့်အထိမ်းအမှတ် ဆွမ်းလောင်းပွဲတွင် ပုံမှန်လောင်းလှူနေသော
သာမန်ဆွမ်းလောင်းခြင်းမျိုးမဟုတ်ပဲ နတ်သုဒ္ဓါဒံပေါက်ဆွမ်း လောင်းလှူဖို့ဦးဇင်းအနေနဲ့ဆန္ဒရှိပါတယ်။
သို့သော်အလှူရှင်များပေါ်၌ မူတည်ပြီးဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုနေ့တွင် သြ၀ါဒဆရာတော်ကြီးများ
အားပင့်၍ တစ်နှစ်အတွင်းဆောင်ရွက်မှုများ၌ အားနည်းချက်များ လိုအပ်ချက်များ ကို ဆရာတော်ကြီးများ၏
သြ၀ါဒနဲ့အညီဆက်လက်ဆောင်ရွက်နိုင်ရန် သြ၀ါဒခံယူပွဲလည်းကျင်းပရန်ဖြစ်ပါသည်။
       ဆက်လက်ပြီးထိုနေ့ညတွင် စစ်ကိုင်းမြို့အတွင်း၌ လည်း တရားပွဲတစ်ပွဲကျင်းပရန်လည်းဆန္ဒရှိပါသည်။
ထို့ကြောင့် ၉.၇.၂၀၁၀ ရက်နေ့တွင်ကျင်းပမည့်ဆွမ်းလောင်းအသင်းတစ်နှစ်ပြည့်ကုသိုလ်ပြုပွဲတွင် အများ
ဝိုင်းဝန်းဆောင်ရွက်မှသာအဆင်ပြေမည့် ပွဲတစ်ခုဖြစ်၍ ပါဝင်ကုသိုလ်ယူဝိုင်းဝန်ပေးကြပါရန် နှိုးဆော်လိုက်
ပါသည်။
       ဆွမ်းလောင်းအသင်းဖြစ်ပေါ်လာမှုအတွက် ၀ိုင်းဝန်းကူညီပေးခဲ့ကြသော ဆရာတော်ကြီးများနှင့် ဆောင်
ရွက်ပေးခဲ့သော အွန်လိုင်းပေါ်မှကူညီပေးခဲ့ကြသောဆရာတော်သံဃာတော်များအား တပည့်တော် ဤနေရာမှပဲ ရှိခိုးဦးခိုက်လျှက် ။ အလှူရှင်များဖြစ်ကြသော ကိုဖြိုး၊ ကိုထက်၊ ကိုရန်အောင်၊ကိုကြီး(စင်ကာပူ) မ၀ါဝါခိုင်မင်းနှင့်ဒေါ်နန်းသန္တာအောင်၊ နော်ဝေမှ ဆွမ်းအမကြီးတစ်ဦးအပါအ၀င်နိုင်ငံအသီးသီးမှအလှူရှင်များ အားလုံးအားအထူးကျေးဇူးတင်ရှိပါကြောင်း။
       အဆိုပါနေ့တွင်သံဃာတော်များအတွက်ဗလာစာအုပ် နှင့် ဘောပင်များ လှူဒါန်းဖို့နော်ဝေနိုင်ငံမှ အလှူ
ရှင်တစ်ဦးမှ စာရင်းပေးထားပြီးဖြစ်ကြောင်း
မန္တလေးမြို့ MAM Computer Center မှ ၃၀၀၀၀ (သုံးသောင်းကျပ်)လှူဒါန်းထားပါသည်။
ကိုဖြိုး၊ကိုထက် ရေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေးမှ ၉.၇.၂၀၁၀ ရက်နေ့ ညတရားပွဲ တရားပွဲအတွက်
ကုသိုလ်ပြုကြပါမည်။
၁. မခင်ငြိမ်းချမ်းဦး(မလေးရှား)မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ( ၉၉၀၀၀ ကျပ်)
၂.မသန္တာဝင်း ( စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး ) အတွက် ( ၂၁၀၀၀ ကျပ် )
၃.မမေမြတ်နိုးခိုင် (မြန်မာပြည်) သံဃာတော် ( ၉ ပါး ) အတွက် အလှူငွေ (၁၈၉၀၀ ကျပ်)
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်ကာပူ)မှ သံဃာတော် (၅၀)အတွက် (s$150)
၆.ကိုကြီး {ကိုရီး} မှ သံဃာ အပါး၁၀၀ အတွက် ၂၁၀၀၀၀ နှစ်သိန်းတစ်သောင်းကျပ်
၇.ကိုဟန်လင်းအောင်+မကြည်စင်သန့်  (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး) အတွက်
အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၈.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု (စင်္ကာပူ)မှ
သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၉.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု (စင်္ကာပူ)မှ
သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၁၀.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၉၀)
၁၁.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀
ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၁၂.မသီတာဇော်မင်း (ဂျပန်)မှ  သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၃.မဘုတ်ဆုံ(စင်္ကာပူ)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်

ဆက်လက် ၍ အလှူ၇ှင်များစာရင်းအား update ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Blog Entryမြရတနာ ရေစက်များJun 4, '10 9:56 PM
for everyone
စစ်ကိုင်းမြို့နယ်မြတနာရပ်ကွက်တွင်မေတ္တရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ဒါယကာကိုကြီး လှူဒါန်းထားသည့် စက်ရေတွင်းတွင်
တပ်ဆင်အသုံးပြုနေသော အင်ဂျင်နှင့် လေမှုတ်စက်အားယခုအခါ ဒါယကာကိုဖြိုးနှင့်ကိုထက် တို့မှ အောက်ခံဖောင်ဒေးရှင်းအုတ်ခုံအား
တည်ဆောက်ပြီးစီးခဲ့ပါသည်။ ယခုအခါ မိုးရာသီရောက်သည့်အခါဖြစ်သည့်အလျှောက် စက်များ ရေရှည်ခိုင်မြဲ ရန် နေပူဒဏ် ၊ မိုးရွာဒဏ်မှ
ကာကွယ်ရန် စက်များထားရန် အပေါ်ပိုင်း အမိုးအကာများတိုင်များ အသုံးပြုရန်အတွက် စစ်ကိုင်းမြို့တွင် နေထိုင်သော
ဒါယကာဦးမြကြည် သား ဇတ်မင်းသား လှိုင်ဘွားအောင်မိသားစု မှ ပစ္စည်းများသယ်ယူစားရိတ်အဖြစ် သုံးသောင်းကျပ်လှူဒါန်းထားခဲ့ပြီး ၊
မန္တလေးမြို့မှ ဒါယိကာမကြီး ချောအိမာန် ၏ မိတ်ဆွေများဖြစ်ကြသော ထိုက်ကြေငြာလုပ်ငန်းမှ တိုင်များအတွက် ၂ သိန်းကျပ်လှူဒါန်းပေးထားခဲ့ပါတယ်။
 မန္တလေးမြို့ ဒါယကာကိုထက် ၏ မိတ်ဆွေများမှ အပေါ်သွပ်မိုး များလှူဒါန်းခဲ့ပါတယ်။ ဆက်လက်၍ အပြီးသတ်ဆောင်ရွက်နိုင်ရန်
အပေါ်ပိုင်း ထုတ် ၊ယောက် ၊မျှားတန်းများ နှင့် ဘေးအကာအဖြစ်အသုံးပြုရန် သံစကာများ အုတ်များနှင့် ဘိလပ်မြေ ၊ ထုံး များ နှင့်
လက်သမားစားရိတ် ပန်းရံစားရိတ်များ လိုအပ်လျှက်ရှိပါသည်။

စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊လပြည့်ဝန်းလမ်း EVERYONE IT Education မှ နွေရာသီ သံဃာတော်များနှင့် သီလရှင်များသီးသန့် အခမဲ့ကွန်ပျူတာသင်တန်းများဖွင့်လှစ်ရန်စီစဉ်လျှက်ရှိပါ
သည်။ သင်တန်းဖွင့်မည့်ရက်အားထပ်မံပိုစ့်တင်သွားပေးပါမည်။

ဘလော့အကယ်ဒမီပေးပွဲနှင့်ပါက်သက်
၍ ဦးဇင်းတို့ဆွမ်းလောင်းအသင်း www.everyoneit.com က ဘလော့အကယ်ဒမီဆုရရှိခဲံ့တဲ့အတွက်
ဦးဇင်းအနေနဲ့  ဒါယကာကိုဖြိုး၊ ကိုထက်၊ ဒါယိကာမကြီးဒေါ်နန်းသန္တာအောင်နှင့် ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်းတို့မိသားစု ၊ နှင့် ဒါယကာကိုရန်အောင် ဂျူလိုင်ဒရင်း၊ ရွာသားလေးဝိုင်တီယူ တို့ နှင့်တူ ဒါယိကာမကြီး ဒေါ်ဥမ္မာဌေး ၊ ကိုညီညီ တို့နှင့်ဝိုင်းဝန်းပံပိုးကြသောအလှူရှင်များအားလုံးနှင့် ယခုကဲ့သို့ဆွမ်းလောင်းအသင်းအောင်မြင်စေရန် ဆောင်ရွက်ပေးကြသော ဝေယျာဝစ္စအဖွဲ့ဝင်များအားလုံး နှင့် ကျေးဇူးတင်ထိုက်သူအားလုံးအား အထူးကျေးဇူးတင်
ရှိပါကြောင်း ...
"အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၉) " ဆုရရှိသူ ဘလော့ဂ်များ စာရင်း

(က) အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု - သီတဂူစတား ဘလော့ဂ်
(ခ) အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂ်ဆု - ညီနေမင်း ဘလော့ဂ်
(ဂ) အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့်စာပေ ဘလော့ဂ်ဆု - စည်းလုံးခြင်းရဲ့  အင်အား ဘလော့ဂ်
(ဃ) အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတအသင်းအဖွဲ့ ဘလော့ဂ်ဆု - စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း  ဘလော့ဂ်
(င) အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု - မြန်မာစာ မြန်မာစကား ဘလော့ဂ်
(စ) အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာ  စာပေဘလော့ဂ်ဆု - မြစ်ကျိုးအင်း ဘလော့ဂ်
(ဆ) အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု - ငပေါများဂေဟာ ဘလော့ဂ်
(ဇ) အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂ်ဆု - နှင်းနဲ့မာယာ
(ဈ) အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂ်ဆု - ကိုပီတာရဲ့ အတွေးပုံရိပ်များ ဘလော့ဂ်
(ည) အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု - Myanmar E-Books  ဘလော့ဂ်


တရား၊ရေ၊ဆေး၊ သင်ပေး၊ ပရ၊
မြတ်ဒါန၊ စန်းလ သီတဂူ




၁။ တရား
သီတဂူစန်းလ၊ မြတ်လှမထေရ်
ပြည်ရွာနှံ့ပြား၊ တရားနတ်စည်
လူမျိုးမခြား ၊ ကြွသွားပြည်ပြည်
တောက်ရွှန်းပ၊ ဓမ္မမြတ်ရောင်ခြည်။
၂။ ရေ
သီတဂူစန်းလ ၊ အေးမြရေလှူ
စစ်ကိုင်းတောင်ရိုး၊ သောက်ချိုး ထောက်ကူ
ကိုယ်စိတ်ရွှင်လန်း ၊ ရဟန်းရှင်လူ
ပထမ ၊ ထူးလရေအလှူ
၃။ ဆေး
အာယုဒါန ၊ ဒုတိယအလှူ
ရှင်လူအများ ၊ အားထားထောက်ကူ
ကျန်းမာခြင်းကား ၊ လာဘ်တပါးဟူ
ရှင်တော်မြတ် ၊ ဟောလတ်မိန့်တော်မူ။
၎။ သင်ပေး
သုံးပုံပိဋက ၊ သင်ပြထိုထို
ကမ္ဘာနှံ့ပြား၊ ပြန့်ပွားစေလို
ဘာသာယဉ်ကျေး ၊ သင်ပေး စိတ် , ကိုယ်
သီတလ ၊ ဗုဒ္ဓတက္ကသိုလ်
၅။ ပရဒါန
နာဂစ်မုန်တိုင်း ၊ ဆုန်စိုင်းဝင်လာ
ဧရာဝတီတိုင်း ၊ နွားရိုင်းပမာ
အိုးအိမ်ပျက်စီး ၊ လူလည်းသေရှာ
ကိုယ်တိုင်မြန်း ၊ လှူဒါန်းပါဘက်စုံ၊

၆။ ညီလာ
ဘာသာပေါင်းစုံ ၊ ကမ္ဘာ့ညီလာ
ဦးဆောင်ရွက်ဘိသဘောကြည်စွာ
ငြိမ်းချမ်းမုခ်ဦး ၊ အထူးရည်ကာ
လရောင်ဆမ်း ၊ အောင်ပန်းဆွတ်ခူးလာ။
၇။ သက်ရာကျော်
သီတဂူစန်း ၊ သက်တမ်းရာကျော်
အထက်တန်ဖိုး ၊ တန်ခိုးရှိန်စော်
ပရလုပ်ငန်း ၊ ဆက်လှမ်း ဂုဏ်ပေါ်
များအကျိုး ၊ သည်ပိုးမြတ်ထေရ်ကျော်
ကျောင်းကျိုးပြု ၊ နတ်လူ သာဓုခေါ်။
ဆုမွန်ကောင်း သက်ပေါင်း ရာထောင်ကျော်။
၈။ သီတဂူစန်း ၊ ဘော်နန်းငွေယုန်
ပဋိယတ် ၊ ပဋိပတ် ၊ နှစ်ရပ်စွယ်စုံ
ကမ္ထ္ဘာ့လူသား ၊ တရားရိပ်မြုံ ၊
အားထုတ်အပ် ၊ ရှု့မှတ်ရိပ်သာဘုံ။
၉။ သီတဂူမွေးနေ့ ၊ ဖူးတွေ့ကြုံလာ
ကိုယ်ရောစိတ်ရော ၊ မနောကြည်သာ၊
လုပ်ဆောင်ကောင်းချက်၊ ဖြည့်စွက်မြန်မာ
”တို့များ” အားကျနည်းယူမှာ၊
၁၀။ သီတဂူစန်းလ ၊ လမ်းပြမြေပုံ
လုပ်ဆောင်သမျှ ၊ အားရမကုန်
လှည်းနေလှေအောင်း ၊ မြင်းစောင်းလူစုံ ၊
မေတ္တာဖြန်း ၊ တောက်ရွှန်း ဘော်ငွေ့ယုန်။
”တို့တပည့်များ”အားကျနည်းခိုလှူံ
၁၁။ သီတဂူမွေးနေ့ ၊ ချမ်းမြေ့ ကြည်သာ ၊
လုပ်ဆောင်မှုအား ၊ ပြငြားကမ္ဘာ ၊
အောင်ပါစေကြောင်း ၊ နှစ်ပေါင်းခိုင်မာ၊
အားလုံးကိုယ်စား ဆုမွန်တောင်း အောင်ကြောင်း ဝေေ၀ဖြာ…
ယနေ့စစ်ကိုင်းတောင်မှာ ဆရာတော်ကြီးမွေးနေ့ဆိုတော့မြန်မာနိုင်ငံတွင်း နှင့်ကမ္ဘာအရပ်ရပ်က ဆရာတော်ကြီးရဲ့သာဝကတွေနဲ့စည်ကားလို့နေပါတယ်...
ယနေ့ သံဃာတော်များအား ဆွမ်းလောင်းပွဲကြီးကတော့ တော်တော်ကိုကြည်နှုးဖွယ်မြင်ကွင်းပါပဲ။ ဆိုင်းသံ၊ ဗျောသံ များနဲ့အတူ ဆရာတော်ကြီးကိုယ်တိုင် လိုက်လံကြီးကြပ်ပြီးလှူဒါန်းနေတာကိုတွေ့ရပါတယ်။ အလွန်ဝမ်းသာပိတိဖြစ်စရာမြင်ကွင်းပါပဲ မနက်ဖြန်ဆိုရင်တော့သီလရှင်များကို လှူဒါန်းမှာဖြစ်ပါတယ်..



အသက်နဲ့ထပ်တူ မြတ်သောရေအလှူဆိုတဲ့ ခေါင်းစဉ်လေးကို ဖတ်လိုက်ရရင်ကို ရေလှူတဲ့အကျိုးကျေးဇူး ဟာ အသက်ကို ပေးလှူရာရောက်တယ်ဆိုတာ မြင်သာထင်ရှားပါတယ်။ ထမင်းအသက်(၇)ရက် ရေအသက် တစ်မနက်ဆိုတဲ့ စကားကလည်း ရေရဲ့ အကျိုးကျေးဇူး များပြားပုံကို ဖော်ပြပေးနေတာပါ။ ဒီလိုတန်ဖိုးရှိတဲ့ ရေဒါနကုသိုလ်ကို ပေးလှူတဲ့သူတွေဟာ သူတစ်ပါးတွေရဲ့ အသက်ကို ပေးလှူရာ ရောက်တယ်ဆိုတာလည်း မှားအံ့မထင်ပါ။ ရေရှားပါးနေတဲ့နေရာမှာ ရေရဲ့တန်ဖိုးဟာ ရွှေပါပဲ။ ရေမရှိတဲ့နေရာ၊ ရေလိုအပ်တဲ့နေရာမှာ ဘယ်လိုမှ လူတွေ အသက်ရှင်သန်အောင် မနေနိုင်ပါဘူး။

ဘယ်အလုပ်လုပ်မလည်း၊ ဘယ်အပင်စိုက်မ လည်း၊ ဘယ်အရာတွေကိုပဲ လုပ်လုပ်ပါ ရေနဲ့ကင်းကွာပြီးလုပ်ရတဲ့ အလုပ်ဆိုတာ အင်မတန်ရှားပါတယ်။ ဘုရားသောက်တော်ရေကပ်တာ၊ ဆွမ်းထမင်းဟင်းချက်တာ၊ တကိုယ်ရေသန့်ရှင်းရေး ပြုလုပ်တာ၊ နောက်ဆုံး မျက်နှာသစ် သွားတိုက်တာကအစ ရေမပါရင် မဖြစ်တဲ့ အခြေအနေပါ။ နောက်ပြီး ရေလှူတဲ့အကျိုးဟာ ထာဝရတည်မြဲတဲ့အလှူလို့ ပြောလို့ရပါတယ်။ ကိုယ်လှူလိုက်တဲ့ ရေတွင်းရေကန် ခိုင်မြဲနေသမျှကာလပါတ်လုံး အလှူ့ရှင်တွေအတွက် နေ့စဉ်ရေလှူတဲ့ ဒါနကုသိုလ်တွေ ရပြီးရင်ရနေတာပါ။ နေ့စဉ်နဲ့အမျှ ကုသိုလ်တွေတိုးပွားစေတဲ့ မြတ်သောဒါနလို့လည်း ပြောလို့ရပါတယ်။ ကုသိုလ်ပဒေသာပင်ကြီး စိုက်ပျိုးထားတဲ့ သစ်ပင်တစ်ပင်လိုပါပဲနော်။ ပဒေသာပင်ဆိုတဲ့ ကုသိုလ်အပင်ကြီး မယိုင်လဲသမျှ ကာလပါတ်လုံး ကုသိုလ်တွေခူးဆွတ် စားနိုင်သလို ရေအလှူဟာလည်း နေ့စဉ်မပြတ် ကုသိုလ်တွေကို ခူးယူစားသောက် နေရတာပါ။

သီတဂူဆရာတော်ဘုရားကြီး ဟောကြားထားတဲ့ နတ်ပြည်ရောက်ကြောင်း ကောင်းမှုတရား (၅)ပါးထဲမှာ ရေအိုးစဉ်တည်ပြီး ရေချမ်းလှူခြင်း၊ ရေတွင်းရေကန် ဆည်မြောင်းကန်ချောင်းများ တူးဖော်လှူဒါန်းခြင်းဆိုပြီး ၂ခုအဖြစ် ပါဝင်ပါတယ်။ ဒီအချက်နှစ်ချက်ဟာ နတ်ပြည်ရောက်ကြောင်း အချက်ငါးချက်ထဲမှာ ပါဝင်တဲ့ အတွက် ရေလှူဒါန်းတဲ့လူတွေ မတောင်းလည်း အလိုလို ပြည့်စေမယ့် အကျိုးကျေးဇူးတွေပါ။ ကျန်တဲ့ သုံးခုကိုပြန်ကြည့်မယ်ဆိုရင်လည်း ဥယျာဉ်စိုက်ခြင်း၊ တောသစ်ပင်စိုက်ခြင်း၊ တံတားဖောက်လမ်း ဆောက်ခြင်းတဲ့။ ကျန်တဲ့သုံးခုကို ပြုလုပ်လှူဒါန်းမယ် ဆိုရင်လည်း ရေနဲ့ကင်းကွာလို့ မရနိုင်ပါဘူး။ ဥယျဉ်စိုက်မလား၊ ရေလိုတာပါပဲ။ တောသစ်ပင်စိုက်မလား၊ ရေလိုပြန်တာပါပဲ။ တံတားဆောက်ဦးမလား၊ ဘိလပ်မြေဖျော်တာကအစ ရေကလိုနေပြန်တာပါနော်။ ဒါ့ကြောင့်လည်း ကုသိုလ်တွေရဲ့ အစတည်ရာဟာ ရေရဲ့အသုံးဝင်ပုံ အကျိုးကျေးဇူးများပုံက စမယ်ဆိုရင်လည်း မှားအံ့မထင်ပါ။ သံဃာတော်မြတ်တွေအတွက် ဆွမ်းချက်ကပ်လှူဒါန်းမလား၊ ဘုရားရေချမ်းကပ်မလား၊ ဘုရားပန်းကပ်မလား၊ ကုသိုလ်တွေရဲ့ ကောင်းမှု အခြေခံတွေဟာ ရေကစတာပါနော်။ ဒ့ါကြောင့် ရေလှူတဲ့အကျိုးဟာ ကုသိုလ်တရားအားလုံး လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းပေးနေတဲ့ မရှိမဖြစ် အသုံးဝင်နေတဲ့အရာ တစ်ခုပါ။ တရားကျင့်တရားထိုင်နေတဲ့ လူအတွက် ကြည့်ပြန်မယ်ဆိုရင်လည်း ကံ၊ စိတ်၊ ဥတု၊ အဟာရ ဆိုတဲ့ (၄)ပါးနဲ့ ညီညွတ်မှတရားအားထုတ်ရ လွယ်ကူပြီး တရားရနိုင်တာပါ။

လိုအပ်နေတဲ့ ရေအဟာရအပြည့်အစုံမရှိပဲနဲ့ ဒီအချက်(၄)ချက် မညီညွတ်နိုင်ပါဘူးနော်။ ဒါ့ကြောင့်လည်း နိဗ္ဗာန်သွားမယ့်လူတွေအတွက် အဟာရဖြည့်စွမ်းပေးတဲ့ ဒါနကုသိုလ်လို့ ပြောလို့ရပါတယ်။ ရေရဲ့အကျိုးကျေးဇူးများပုံကို လယ်တီဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ယခု မျက်မှောက် ကာလမှာ ကိုယ်တိုင်စွမ်းဆောင်ပြနိုင်ခဲ့တာပါ။ အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့ အချိန်အခါကာလတုန်းက လယ်တီဆရာတော် ဘုရားကြီးဟာ အနှစ်၂၀လုံးလုံး ရေထမ်းပြီးတော့ သံဃာတော်မြတ်တွေကို ဒါနပြုခဲ့ပါ တယ်။ အဲ့ဒီ့ရေဒါနရဲ့ အကျိုးကျေးဇူးကြောင့်ပဲ မိုးခေါင်တဲ့အရပ်တွေမှာ လယ်တီဆရာတော်ဘုရားကြီး ခြေချတာနဲ့ မိုးရွာပေးရတဲ့ အကျိုးကျေးဇူးတွေ ရရှိစေခဲ့ပါတယ်။ အင်္ဂလိပ်တွေကိုယ်တိုင် လယ်တီဆရာတော် ဘုရားကြီးရဲ့ ရေလှူတဲ့အကြောင်းတရားကြောင့် ရရှိတဲ့အကျိုးတရားတွေကို အံ့မခမ်းစွာဖြင့် အလေးအမြတ် ပြုခဲ့ရတာပါ။ ဒါ့ကြောင့်လည်း ရေလှူတဲ့လူတွေဟာ မိုးတောင်းတလည်း ပြည့်ရတယ်ဆိုတဲ့ ရေလှူရတဲ့ အကျိုးကို ရစေတာပါ။ ဒီအကြောင်းရာကတော့ အင်္ဂလိပ်ခေတ်လက်ထက် လယ်တီဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ရေလှူတဲ့အကျိုးကြီးပုံကို စွမ်းဆောင်ပြသွားခဲ့တဲ့ သာဓကပြစရာ အချက်တစ်ချက်ပါ။ ရေလှူတဲ့အကျိုးကျေးဇူးကို လူအများသိစေဖို့ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် လုပ်ဆောင်ပြသွားတဲ့ ရေဒါနရဲ့ အကျိုးပါနော်။

သီတဂူဆရာတော် ဘုရားကြီးဟောကြားတဲ့ တရားတော်မှာ ရေလှူတဲ့သူတွေ ရစေနိုင်တဲ့ အကျိုးတရား (၁၅)မျိုးကိုလည်း အားတက်ဖွယ်ရာ ဖော်ပြပေးထားပါတယ်။ ရေလှူဒါန်း ဒါနပြုဖူးတဲ့သူတွေ လက်ရှိဘ၀မှာရော နောက်မဂ်ဖိုလ်နိဗ္ဗာန်မစံဝင်သမျှ ကာလပါတ်လုံးမှာပါ  ခံစားရရှိနိုင်တဲ့ အကျိုးတရားတွေကို ဖော်ပြထား တာပါ။ 

(၁) ဂန္တာတောင်များရေမရှား ကြိုးစားရေလှူပါ။

(၂) ပူဆာရေရှားကင်းလိုငြား ကြိုးစားရေလှူပါ။

(၃) မိုးတောင်းတကား မိုးရွာငြား ကြိုးစားရေလှူပါ။

(၄) သန့်ရှင်းလိုငြား အမျိုးသား ကြိုးစားရေလှူပါ။

(၅) ကျန်းမာလိုငြား အမျိုးသား ကြိုးစားရေလှူပါ။

(၆) နံ့သာအလား မွှေးကြိုင်ြငား ကြိုးစားရေလှူပါ။

(၇) ကိလေသာများ သန့်ရှင်းငြား ကြိုးစားရေလှူပါ။

(၈) ကျော်စောထင်ရှား တန်ခိုးထွား ကြိုးစားရေလှူပါ။

(၉) ခြံရံပေါများ လွန်စည်ကား ကြိုးစားရေလှူပါ။

(၁၀) လျှင်မြန်ပေါ့ပါး အကျိုးများ ကြိုးစားရေလှူပါ။

(၁၁) သက်ရှည်လိုငြား အမျိုးသား ကြိုးစားရေလှူပါ။

(၁၂) လှပလိုငြား အမျိုးသား ကြိုးစားရေလှူပါ။

(၁၃) ဥစ္စာပေါများ ပေါကြွယ်ငြား ကြိုးစားရေလှူပါ။

(၁၄) ကာယခွန်အား ခိုင်လိုငြား ကြိုးစားရေလှူပါ။

(၁၅) ဥာဏစွမ်းအား ကြီးလိုငြား ကြိုးစားရေလှူပါ။

အထက်ဖော်ပြပါ (၁၅)ချက်ကတော့ ရေလှူတဲ့သူတွေ မတောင်းလည်း အပြည့်အ၀ရရှိမယ့် အကျိုးတရားတွေပါ။ ရေလှူတဲ့ အကျိုးတရားတွေကို ဖော်ပြပေးတာဟာ အကျိုးတရားတွေမှာ သာယာတက်မက် နေဖို့ မဟုတ်ပါဘူး။ ရေလှူတဲ့အကျိုးတရားတွေရဲ့ အကျိုးကြီးမားပုံကို သိစေချင်တဲ့အတွက်ပါ။ ကိုယ်လှူလိုက်တဲ့ အလှူဒါနလေးဟာ အုတ်တချပ်သဲတပွင့်ပမာ နည်းချင်နည်းပေမယ့် နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်သလိုပါပဲ။ နည်းတယ်များတယ်မဟုတ်ပါဘူးနော်။ ၀ိုင်းဝန်းစုပေါင်းပြီး တတ်နိုင်တဲ့ ဘက်ကနေ တတပ်တအား ပါဝင်လှူဒါန်းမှသာ ဒီလိုမျိုး အလှူဒါနဆိုတာ ဖြစ်လာနိုင်တာပါ။ ဒါ့ကြောင့် အလှူဒါနပြုတဲ့သူတွေ အားလုံးဟာလည်း ကိုယ်လှူလိုက်တဲ့ ဘယ်အလှူမဆို နည်းတယ်များတယ်လို့ သဘောမထားပဲ လှူလိုက်တဲ့ ဒါနကုသိုလ်အပေါ်မှာ ပြန်လည်သတိတရရှိပြီး ပြန်လည်ကုသိုလ်ပွားများစေဖို့ လိုအပ်ပါတယ်။ နောက်ပြီး ပြန်စဉ်းစားလိုက်တိုင်း ကိုယ်လှူလိုက်တဲ့ ငွေကြေးလေးနဲ့ ရေအလှူတစ်ခု ဖြစ်မြောက်သွားတယ်ဆိုတာကို သတိတရရှိစေချင်တဲ့ အတွက်ပါ။ ဒီလှူလိုက်တဲ့ ရေဒါနကြောင့် ဒီရေကို သောက်နေတဲ့ လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ ဆာလောင်မှုဝေဒနာတွေကို တဒင်္ဂငြိမ်းပေးနိုင်တယ်ဆိုတာကို အမြဲသတိတရရှိပြီး ရင်ထဲမှာ ၀မ်းသာပီတိ ဂွမ်းဆီထိသလို ကြည်နူးစေဖို့အတွက်ပါ။ ဒါနကုသိုလ်အစုစုကို လှူဒါန်းမှုပြုတဲ့ ကုသိုလ်ရှင်အားလုံးအတွက် ကိုယ်လှူလိုက်တဲ့ ရေဒါနအပေါ်မှာ ပြန်လည်ကုသိုလ် ပွားများစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အသက်နဲ့ထပ်တူ မြတ်သောရေအလှူဆိုတဲ့အတိုင်း သူတစ်ပါးတွေရဲ့ အသက်ကိုပေးလှူသော ရေဒါနကုသိုလ်အလှူအတိုင်း မိမိရဲ့အသက်ကိုလည်း အမြဲတမ်း မသေရာဖြစ်တဲ့ အမတနိဗ္ဗာန်သို့ တက်လှမ်းနိုင်တဲ့ အထောက်အပံ့ကုသိုလ်တွေ ဖြစ်ပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။

ဒါယကာမောင်ကောင်းထံမှခွင့်တောင်း၍ ကူးယူဖော်ပြသည်။

ဓါတ်ပုံများဖြင့် ဆက်လက်ဖော်ပြပေးသွားပါမည်။

 


ယနေ့ အရုဏ်ဆွမ်း အလှူရှင်..............................
နေ့ဆွမ်း
ဆွမ်း+ပဲ ..........ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်း)ရောင်းဝယ်ရေး
နေ့ဆွမ်း
ဝက်သား+အာလူး..
ပဲတီချဉ်....
ငါးရုတ်သီး+ငါးပိ+ကြက်သွန် ပါလချောင်ကြော်
ကိုရန်အောင် ၊ မ၀ါဝါခိုင်မင်း ၊ ရွာသားလေးဝိုင်တီယူတို့ဦးဆောင်သော တစ်နှစ်စာဆွမ်းအလှူရှင်များအဖွဲ့

(၂၀၀၉-၂၀၁၀) ခုနှစ်အတွက် .အပတ်စဉ် တနင်္လာနေ့တိုင်း နေ့ဆွမ်း(တစ်နှစ်စာ)ဆွမ်းအလှူရှင်များစာရင်း....

၁.Dr.Nyan + ဒေါ်ဝါ၀ါခိုင်မင်း ၊ သမီးလေးမေမြတ်နိုးခိုင် မိသားစု (ဂျပန်)
၂.ကိုလှအောင်+မထားထားမြင့် ၊ သား-ကျော်စိုးဟန် ၊ သမီးလေး ငုသဒ္ဒါသွင် မိသားစု (စာဖတ်သူ-ဂျပန်)
၃.စံ + နုနု မိသားစု ( ဂျပန်)
၎.စံ + နုနမိသားစု၂(ဂျပန်)
၅.ဒေါ်ယဉ်ယဉ်မိသားစု (လယ်ဝေးမြို့) (စာဖတ်သူ-ဂျပန်)
၆.မရတနာခင်လတ် ( စာဖတ်သူ-ဂျပန်)
၇.မနန်းခမ်းမိုင် (စာဖတ်သူ- ဂျပန်)
၈.မောင်ယာမိုးလွင်(စာဖတ်သူ-စင်္ကာပူ)+မခင်လဲ့ရည်(စာဖတ်သူ-ဂျပန်)
၉.၀သန်မိုး(ဂျပန်)
၁၀.ကိုသက်နိုင် ၊ မနုနုခိုင် (လသာည)၊ သမီး ဇူးမိုမိုနိုင်၊လသာညမိသားစု (ဂျပန်)မှ ၂၁.၇.၂၀၀၉ မွေးနေ့အလှူ ။
၁၁.ဦးဆန်းလင်းဦး+ဒေါ်စောယုလှိုင် ၊ သမီးလင်းဝတီဦး နဲ့ ခိုင်ယမင်းဦးမိသားစု (စာဖတ်သူ-ဂျပန်)
၁၂.မခင်သန္တာထွေး (စင်္ကာပူ)
၁၃.ကိုကိုချစ် + မီးမီးချစ် (စင်္ကာပူ)
၁၄.မိဘများဖြစ်သူ ဦးစိန်ထိုက် + ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ မသန်းသန်းမြင့် (စင်္ကာပူ)
၁၅.ဖိုးသား+ မဖြူ (စာဖတ်သူ-စင်္ကာပူ)
၁၆.မောင်ယာမိုးလွင်(စာဖတ်သူ-စင်္ကာပူ)+မခင်လဲ့ရည်(စာဖတ်သူ-ဂျပန်)
၁၇.ဖေဖေ ဦးတင်ဦး + မေမေ ဒေါ်လှမြင့်သန်းတို့ ကို ဦးထိပ်ပန်ဆင်ပြီး ပိုးပိုး(စင်္ကာပူ)
၁၈.မိဘများဖြစ်သူ ဦးသန်းဝင်း +ဒေါ်သန်းနွဲ့တို့ကိုဦးထိပ်ပန်ဆင်၍မောင်ဇော်ဝင်း(စင်္ကာပူ)
၁၉.ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်၉ယောက်အားရည်စူး၍ မထက်စုနှင်းဆီ(စင်္ကာပူ)
၂၀.ညီမလေးဝေလေး(စင်္ကာပူ)
၂၁.ကိုညီဝင်းလွင်+နွေးနွေးသဲမွန်(စင်္ကာပူ)
၂၂.ရဲ+ဆု (စာဖတ်သူ-စင်္ကာပူ)
၂၃.သန္တာဝင်း (စာဖတ်သူ-စင်္ကာပူ)
၂၄.ကိုပြေအေး(နယ်သာလန်) ၊ ဒေါ်သန်းသန်းဝင်း နဲ့ သား-စစ်မင်းဦး (စင်္ကာပူ)
၂၅.ကိုပြေအေး(နယ်သာလန်)၊ဒေါ်သန်းသန်းဝင်း နဲ့ သား-စစ်မင်းဦး (စင်္ကာပူ)
၂၆.ဒေါက်တာမျိုးမင်းသန့်+ဒေါ်မေယမင်း ( စင်္ကာပူ)
၂၇.ဒေါက်တာလင်းထက်အောင်(ရုရှား)+ဒေါ်အေးအိအိမော်
၂၈.နွေးနေခြည် (စင်္ကာပူ)
၂၉.ပုလုကွေး (စင်္ကာပူ)
၃၀.ရွာသားလေးဝိုင်တီယူ (စင်္ကာပူ)
၃၁.REENOEMANN (စင်္ကာပူ)
၃၂.ကိုမျိုးမင်းဦး(စင်္ကာပူ)
၃၃.မအေးဇာနွယ်(စာဖတ်သူ-စင်္ကာပူ)
၃၄.မမကြီးဆွေလဲ့နှင်း နဲ့ ညီမလေးကြည်ဖြူပိုင်(စင်္ကာပူ)
၃၅.ကိုသုခ-မေကဆုန်(စင်္ကာပူ)
၃၆.KMSL+KOM(စင်္ကာပူ)
၃၇.ကိုသိန်းပို+မနီနီထွေး ၊ သမီး မငြိမ်းစုထွေး မိသားစု (စာဖတ်သူ-စင်္ကာပူ)
၃၈.ကိုမျိုးကျော်+မချောစုစုဝင်း(စာဖတ်သူ-စင်္ကာပူ)
၄၉.ကိုယဉ်သွေး
၄၀.မခင်ကလျာစိုး (မေတ္တာရောင်ပြန်) ( စကာင်္ပူ)
၄၁.ညီမလေးနန်းမေဇင်အေး(စင်္ကာပူ)မှ အစ်ကိုဖြစ်သူ စိုင်းကျော်သူထက်(ဖြူးမြို့)အားရည်စူးပြီး။
၄၂.avocado(စင်္ကာပူ)
၄၃.ဘလော့ဂါရန်အောင် နဲ့ မိသားစု(ယူအက်စ်အေ)
၄၄.မနှင်းပွင့်သစ္စာလှိုင် (ယူအက်စ်အေ)
၄၅.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)
၄၇.ဦးကြံအောင် (ယူအက်စ်အေ)
၄၈.ဒေါ်ရီရီစိန် (ယူအက်စ်အေ)
၄၉.ကိုအောင်မောင်မောင် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၀.ကိုမျိုးဝင်းသိန်း (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၁.မစန်းသီတာအောင် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၂.မခင်စန္ဒီဝင်း (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၃.မစိုးစန်းထက် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၄.Shwesin Wong နှင့် မိသားစု(ချီကာဂိုမြို့)
၅၅.ချစ်ခြင်းခြေရာအလှတရား
၅၆.မမေဦးခင် (တိုင်ဝမ်)
၅၇.မလတ်လတ်ဇော် (Burdubai)
၅၈.Zephyr (စင်္ကာပူ)
၅၉.ကိုမောင်ဇော်မင်း၊ Fountain Valley, California
၆၀. ဦးအောင်ဖေအားရည်စူး၍ ဒေါ်နန်းသန္တာအောင်
တို့ဖြစ်ကြပါတယ်
ယနေ့ဝေယျာဝစ္စကုသိုလ်ရှင်များကတော့

ဦးအာဒိစ္စ (ဖျာပုံချောင်) ၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း) ၊ ဦးပညောဘာသ (သုံးခွကျောင်းတိုက်) ၊ ဦးစန္ဒိမာ (သုံးခွကျောင်းတိုက်)

သီလရှင်ဝေယျာဝစ္စများ.. ဒေါ်ဧသိကကျေင်းမှ ဆရာလေးများ

လူဝေယျာဝစ္စများ

ဒေါ်ကြည်ဌေး၊ ဒါယကာဂစ်တာ ၊ ဒါယကာ ဇင်မင်း၊ မအိုမီတို့ဇနီးမောင်နှံ  တို့ဖြစ်ကြပါတယ်....





မန္တလေးမြို့မှာဦးဇင်းအနေနဲ့ သံဃာတော်များ အတွက်အခမဲ့ကွန်ပျူတာသင်တန်းများဖွင့်လှစ် သင်ကြားပေးခဲ့တာ အဓိက သင်တန်းချိန်များ စက်များကိုကူညီပေးသူ ဦးရဲဝင်းနောင်(Pro-Tech) ကွန်ပျူတာစင်တာမှဖြစ်ပါတယ်။ ဦးရဲဝင်းနောင် အခုလိုသင်တန်းချိန်များလှူဒါန်းခဲ့တာ

တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သင်တန်းချိန် များနေ့လည် (၁)နာရီမှ(၃) နာရီအထိ သင်တန်းချိန်အဖြစ်သင်တန်းခန်းမဆောင်နှင့် စက်များကိုအသုံးပြုခွင့်ပေးထားခဲ့ပါတယ်။

မီးကမလာတလည့် ပျက်တစ်လှည့်ဆိုတော့ မီးစက်ဆီအတွက်အလှူရှင်များ ကနေပံ့ပိုးပေး

ပြီးသင်ကြားပေးရတာဖြစ်ပါတယ်။ သင်တန်း ဆရာ အဖြစ် မန္တလေးမြို့မြင်းဝံမင်းကြီးတိုက်မှ ဦးပညာဝံသမှ သင်ကြားပေးခဲ့ပါတယ်။ သင်တန်းအမှတ်စဉ်(၅)အတွက်ကတော့ကိုရီးယားနိုင်ငံ မှမစန်းစန်းဝင်းတို့သူငယ်ချင်းတစ်စုမှလှူဒါန်းခဲ့ကြပြီး ယခုအမှတ်စဉ် (၆) လည်ပတ်နိုင်ရန် သင်တန်းသားများအတွက်လိုအပ်သောစာအုပ်များ  ကို မနီလာအေး (မန္တလေး)မှလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဦးဇင်းအနေနဲ့ဘယ်လိုအခက်အခဲတွေပဲရှိပါစေ သင်တန်းများကို အချိန်ပေးပြီးကူညီစောင့်ရှောက်ပေးနေကြသော ဦးရဲဝင်းနောင်နှင့် ဦးပညာဝံသတို့အပါအ၀င် အခြားအလှူရှင်များအားလုံးကိုလည်း ကျေးဇူးတင်စွာဖြင့် နေ့စဉ်

ဆုတောင်းမေတ္တာများပို့သလျှက်ရှိပါတယ်။
သင်တန်းအမှတ်စဉ်(၆) အား ၁၃၇၁ ခု နတ်တော်လဆန်း(၁)ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ၁၃၇၁ ခု တပိုတွဲလဆန်း (၆) ရက်အထိသင်ကြားပေးခဲ့ပါတယ်။

http://messengerforbuddhist.blogspot.com/ တွင်မြန်မာလူမျိုး တို့ကိုသာမက မြန်မာတို့၏ အထွတ်အမြတ် ဗုဒ္ဓဘာသာကိုပါ
အလွန်တရာ ယုတ်မာ ရိုင်းစိုင်းစွာ ဖြင့် ဆဲရေးပုတ်ခတ် ရေးသားနေ သည်မှာ မည်သည့်နည်းနှင့်မျှ လက်ခံနိုင်ဖွယ်ရာမရှိပါ ။
အင်တာနက် ခေက် ဖြစ်၍ လူတိုင်းတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော်လဲ အမျိုး ဘာသာ သာသနာကို တစ်ဖက်သတ် ပုတ်ခတ် စော်ကား ၍မရပါ ။
အဆိုပါဆိုက် သည် Google (Blogger.com) မှချမှတ်ထား သော " Terms & Conditons " များကို ချိုးဖောက် နေသည်မှာ ထင်ရှားလှပါသည် ။
Blogger.com ၏စည်းကမ်း များအရ ဤ ကဲ့သို့သောဆိုက်များ အားခွင့်မပြုပါ ။
သို့ဖြစ်ပါ၍ ဘာသာဝင် မြန်မာ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး များအနေဖြင့် အဆိုပါ http://messengerforbuddhist.blogspot.com/ အား
Here ဤနေရာတွင်
တိုင်ကြားခြင်းဖြင့် အမျိုးဘာသာ သာသနာ ကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက် နိုင်ကြစေရန် ဤ နေရာမှ အသိပေးနှိုးဆော် လိုက်ရပါသည် ။

( Blogger's policy )
Is hateful material permitted on Blogger?
- Blogger strongly believes in freedom of speech.
While Blogger values and safeguards political and social commentary,
material that promotes hatred toward groups based on
race or ethnic origin, religion, disability, gender, age, veteran status, or sexual orientation/gender identity is not allowed on Blogger.

If you believe you've discovered a violation of Blogger's policy on hate speech, please submit the blog's URL below.
Please submit each blog only once. We will review every submission as soon as possible and take action as necessary.
address - http://www.google.com/support/blogger/bin/request.py?contact_type=hate_speech&blog_URL=&blog_ID=

တိုင်ကြားရမည့်နေရာ - http://www.google.com/support/blogger/bin/request.py?contact_type=hate_speech&blog_URL=&blog_ID=
တိုင်ကြားရမည့်လိပ်စာ - http://messengerforbuddhist.blogspot.com/

ဦးဝရသာမိဆိုက်မှကူးယူဖော်ပြလိုက်ပါတယ်။
ဓမ္မမိတ်ဆွေများအားလုံးဝိုင်းဝန်းကူညီပေးကြပါရန် ဦးဇင်းအနေနဲ့တောင်းဆိုပါရစေ...

ဒီနေ့ကတော့ ဦးဇင်းတော်တော်လေးဝမ်းသာပီတိဖြစ်ရပါတယ်။ အလွန်ချမ်းအေးတဲ့ ဆောင်းတွင်း
အချိန် ၊ စစ်ကိုင်းတောင်မှာအလွန်အေးပါတယ်။ အခုလိုရာသီမှာ ဆွမ်းခံကြွတဲ့သံဃာတော်များကို
ဒီနေ့ ခေါင်းစွပ်၊ ခြေအိတ်၊ ကိုရင်များအတွက် မိုးတွင်းစီးဖိနပ် ၊ နှင့် ရဟန်းတော်များအတွက် လိမ်းဆေးများ အစာကြေဆေးများ လှူဒါန်းခွင့်ရခဲ့ပါတယ်။ သံဃာအင်အားကတော်တော်များတော့
အာရုဏ်ကပ်တဲ့နေရာမှာကို မကြည့်နိုင်လိုက်ဘူး။ အပြင်ကသံဃာတော်တွေ မနက် ၃ နာရီက ရောက်နေကြတော့ အပြင်မှာ ပဲဝိုင်းဝန်းနေလိုက်တယ်။ အလှူရှင်တစ်ဦးနဲ့ဖုန်းပြောနေရင်း အလှူရှင်
ဒါယိကာမကြီးက အာရုဏ် ဘုန်းပေးနေကြတာကောရှိသေးလားဆိုတော့မှ အထဲဝင်ကြည့်လိုက်တော့ ခုံတွေကိုသိမ်းနေတဲ့ ဦးဓမ္မနန္ဒ ကကုန်ပြီဘုရားဆိုတော့အိုးကိုပြောင်သွားတာတွေ့လိုက်တယ်။ တော်တော်ကိုဘုန်းပေးကြတာပဲ ၀မ်းသာပိတိဖြစ်ရပြန်ပါတယ်။
ဒီနေ့အလှူရှင်များ အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းအပေါင်းတို့နှင့်ပြည့်စုံကြပါစေလို့
အမြဲတမ်းဆုတောင်းမေတ္တာများပို့သလျှက်ရှိပါတယ်။

၁၂ရက်၊ဒီဇင်ဘာလ၊၂၀၀၉ နေ့လည် ၂း၀၀

 

အားလုံးသိပြီးသားဖြစ်သလို အားလုံးမျှော်လင့်ထားကြတဲ့ ကိုကြီးရဲ့ ရေတွင်းအလှုကတော့ အောင်မြင်စွာပြီးဆုံးသွားပြန်ပါပြီ။ မျှော်လင့်ထားတာထက် ကျော်လွန်ပြီး ဝမ်းမြောက်ကြရသလို မျှော်မှန်းထားတာထက်လဲ ပိုပြီးတော့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ် ။ စက်ရေတွင်းလေးကရေကို မောင်းထုတ်လိုက်လို့ ရေထွက်လာတာကို မြင်လိုက်ရတဲ့အချိန်မှာ ရွာသူရွာသားတွေ အလုအယက် ရေဝိုင်းခပ်ကြတဲ့မြင်ကွင်းက အလှုရှင်များရော ဝိုင်းဝန်းပံ့ပိုးသူများအားလုံးရင်ထဲကို ပီတိတွေစီးဆင်းသွားပြီး မျက်နှာမှာ ဖုံးဖိမရတဲ့အပြုံးတွေနဲ့ ဖြစ်နေတာ ဘယ်သူမှငြင်းမရအောင်ပါပဲ။

အချိန်တို ရက်တိုတိုအတွင်းမှာ ပေါ်ပေါက်လာတဲ့ ဒီစက်ရေတွင်းလေးကို "နတ်တို့ဖန် ရေကန်အသင့်ကြာအသင့်" လို့ တင်စားရမလောက်အောင်ပါပဲ။

ရေစက်မောင်းသံ၊စက်ရေတွင်းက မောင်းထွက်လို့ကျလာတဲ့ရေသံ နဲ့ အလှုရှင်ကိုကြီး တို့ရဲ့ ရေစက်ချ အမျှဝေသံတွေဟာ ဦးဇင်းနားထဲ အခုထိ ပဲ့တင်ထပ်နေဆဲပါ။

စက်ရေတွင်းထဲက ထွက်ကျလာတဲ့ကြည်လင်သန့်စင်တဲ့ ရေကြည်ရေအေးတွေကိုမြင်တော့မှပဲ

ဦးဇင်းရင်ထဲမှာလဲငြိမ်းအေးပြီး စိတ်ချလက်ချသက်ပြင်းချနိုင်တော့တယ်။

သြော် .. မေ့တော့မလို့ မနက်ဖြန် စာရေးဆရာဇော်ခိုင်ဦး၊ ဆရာမချောအိမာန်(မန္တလေး)၊ ဆရာ ဦးဘုန်း(ဓါတု) တို့ရဲ့ စာပေဟောပြောပွဲနဲ့ ညနေခင်း ပိုင်းမှာ အလှုရှင် ကိုဖြိုးနဲ့ ကိုထက်တို့ရဲ့ ရပ်ကွက်လုံးကျွတ် မီးခိုးတိတ် ထမင်းရည်ချောင်းစီး အလှုပွဲကြီး ကျန်သေးတာပဲ ။ ဒီပွဲမှာလဲ ကိုကြီးတို့ အတူတူ ပါဝင်ဖို့ ဦးဇင်းလိုက်လံဆောင်ရွက်ပေးရဦးမှာပဲ။

ဒီညလဲ ဦးဥာဏဝရ(သီတဂူ)ကို တရားရေအေး တိုက်ကျွေးပေးဖို့ ပင့်ဖိတ်ထားတာကျန်သေးတာပဲကိုး။ အင်း …….. ဆောင်ရွက်စရာတွေ ကျန်သေးတာပါလား။

စောစောနက ချမိတဲ့သက်ပြင်းလေးကိုတောင် ပြန်သိမ်းချင်သလို ဖြစ်မိတယ်။

 

၁၂ရက်၊ဒီဇင်ဘာလ၊၂၀၀၉ ညခင်း ၈း၃၀

 

ဓမ္မတန်ဖိုး

တန်ဖိုးရှိလိုက်တာပါကလား။ ဓမ္မရဲ့တန်ဖိုး။ အဖဘုရားဟောကြားခဲ့တဲ့ မွန်မြတ်လှတဲ့တရားဓမ္မ ရဲ့တန်ဖိုးကို တရားနဲ့အနေဝေးနေရတဲ့ ကျေးရွာပရိသတ်တွေအပေါ် ရှင်းရှင်းလင်းလင်း ဟောပြောနေတဲ့ ကိုယ်တော် ဥာဏဝရ …

ရှေ့ဆုံးတန်းကနေ လေးလေးနက်နက်အာရုံပြု နားထောင်နေတဲ့ ကိုကြီးနဲ့တကွသော အလှုရှင်အပေါင်း ....

ဒီမြင်ကွင်းနှစ်ခုအကြားမှာ ဦးဇင်းမျက်လုံးထဲဘုရားရှင်လက်ထက်တော်က ဘုရားရှင် တရားဟောကြားတာကို လေးလေးနက်နက် နာယူနေတဲ့ အနာထပိဏ် သူဌေးကြီးကို မြင်ယောင်လာမိသယောင် ……

 

၁၃ရက်၊ဒီဇင်ဘာလ၊၂၀၀၉ မနက်ခင်း ၁၀း၀၀

 

ဆရာဦးဘုန်း(ဓါတု) - ရေအိုင်ထဲကဖား

ဆရာဇော်ခိုင်ဦး - စာနာလမင်း

ဆရာမချောအိမာန်(မန္တလေး) - ဘယ်လိုလျှောက်ကြမလဲ

ကိုသစ်ကို - သန့်လေးသန့်ပညာပေး

ညီလရောင် - သားဆက်ခြားပညာပေး

အသီးသီး သက်ဆိုင်ရာခေါင်းစဉ်တွေနဲ့ ဟောပြောသွားလိုက်တာ အားရပါးရရှိလှတယ်

ဆရာဦးဘုန်း(ဓါတု) ရဲ့ ရေအိုင်ထဲကဖား ဟောပြောသွားတာလေးနားထောင်ရင်း ဦးဇင်းကိုယ်တိုင် စိတ်ထဲမယ် တက်ကြွအားရသလို ခံစားလာရတယ်

ဆရာဇော်ခိုင်ဦးကလဲ ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို သူ့ရဲ့ ဝေဒနာနဲ့ယှဉ်ပြီး ဟောပြောသွားတာ တကယ် စိတ်မကောင်းစရာပါပဲ

ဆရာမချောအိမာန်(မန္တလေး) ဟောပြောအပြီးမှာ စာတတ်ချင်စိတ်အားကြီးလို့ အရောင် တလက်လက် ထနေတဲ့ ရှေ့ဆုံးတန်းက ကလေးတွေရဲ့ မျက်လုံးလေးတွေကို ဦးဇင်း လှမ်းမြင်လိုက်ရတယ်။ ဆရာမက စကားအဆုံးမှာ "မြရတနာ" ဆိုတဲ့ခေါင်းစဉ်နဲ့ ကဗျာလေး တစ်ပုဒ် ရွတ်ပြခဲ့တယ်

ကိုသစ်ကိုကတော့ ကျန်းမာရေးအတွက် အခြေခံ လက်သန့်ရမယ် က စလို့ သန့်လေးသန့်အကြောင်းကို ရွာသားတွေ နားလည်အောင် ရှင်းပြပေးခဲ့တယ်။

သူလဲ "ငါဟာ အနူပါ ဒါပေမယ့်" ဆိုတဲ့ကဗျာလေးနဲ့ သူ့စကားကို အဆုံးသတ်ခဲ့တယ်

ညီလရောင်ကတော့ သားဆက်ခြားပညာပေးကို ဟာသလေးတွေနဲ့ နှောနှောပြီးပြောသွားလိုက်တာ တရွာလုံးကို ပွဲကျလို့ သူ့ဟောပြောချက်မှာ နားထောင်သူတွေ အားလုံး စိတ်ပါဝင်စား အရှိဆုံးပဲ။

အဆုံးပိတ်မှာ အားလုံးကို ကံစမ်းမဲဖောက်ပေးပြီးတော့ ဟောပြောပွဲကို သိမ်းခဲ့တယ်။

ဦးဇင်းကတော့ အစီအစဉ်တွေကြေငြာပေးနေရတာနဲ့တင် ဘာမှ မဟောပြောဖြစ်လိုက်ပါဘူးလေ။ ဆရာ၊ဆရာမတွေ ဟောတာနဲ့တင်ပြည့်စုံလှပါပြီ ဦးဇင်း စိတ်ထဲမှာ့ ဒီပွဲလေး အောင်အောင်မြင်မြင်ပြီးဆုံးသွားဖို့ပဲ လောနေမိတယ်။

ဦးဇင်းပြောသွားတဲ့ထဲမှာ လူတစ်ယောက်ဟောပြောတာ ကျန်နေခဲ့တယ် ။ သူဟောသွားတာ .. သူဟောသွားတယ် ဆိုတာထက် သူပြောသွားတာ ဆိုပိုမှန်မယ် .. အရိုးသားဆုံး နဲ့ အပွင့်လင်းဆုံး ဝန်ခံသွားတဲ့ သူ့စကားမှာ ဦးဇင်းကိုယ်တိုင် ဝမ်းနည်းဝမ်းသာဖြစ်ရသလို သာဓုလဲ အကြိမ်ကြိမ်ခေါ်မိတယ်။

"ကျနော် စကာင်္ပူရောက်စက စကာင်္ပူငွေ တစ်ကျပ် မတတ်နိုင်လို့ အိမ်သာထဲက ရေကို ရေဗူးထဲဖြည့်သောက်ခဲ့ရပါတယ် ။ ဒါကြောင့် ဒီရပ်ကွက် က ပြည်သူအများ ကျနော့်လိုအဖြစ်မျိုးမကြုံရစေ့အောင် ကျနော် ဒီရေတွင်းကို လှုဒါန်းခဲ့ခြင်းဖြစ်ပါတယ်။"

 

၁၃ရက်၊ဒီဇင်ဘာလ၊၂၀၀၉ ညနေခင်း ၄း၀၀

 

ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှုတတ်တဲ့ ဦးဇင်းတို့မြန်မာလူမျိုးတွေရဲ့ လှပတဲ့ ယဉ်ကျေးမှုကို ဒီညနေမှာ မြင်လိုက်ရပြန်ပြီလေ။

အလှုရှင်ကတော့ ကိုဖြိုးနဲ့ကိုထက် ဆိုပေမယ့် အားလုံးက ရေတွင်းအလှုမှာ ညီရင်းအကိုတွေကလိုဖြစ်နေကြတော့ ဝိုင်းကြဝန်းကြနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေတောင် အလှုရှင် ဘယ်သူဆိုတာ မျက်စေ့ လည်သွားကြတယ်။

ဝက်သားတုံးတွေကလဲ တကယ့်ကို ကြီးကြီး၊ သရက်ချဉ်သုပ်ကလဲ အအီပြေ၊ အာဟာရပြည့် ပဲနှပ်နဲ့ မြိန်ရည်ယှက်ရည် စားနေကြတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေကိုကြည့်လိုက် ဓါတ်ပုံမှတ်တမ်းတင်လိုက်နဲ့ ဦးဇင်းလဲ အတော် ပင်ပန်းသွားတယ်၊

လူတွေကလဲ စားလိုက်ကြတာရယ်လေ တကယ့်ကို အားရပါးရပဲ ။ အခု စာဖတ်နေတဲ့ ဒကာ/ဒကာမ ကို တကယ့် ကို မြင်စေ့ချင်မိတယ် ။ အလှုရှင်တွေက ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် ရင်းရင်းနှီးနှီး နောက်လိုက်ပြောင်လိုက်နဲ့ စားကြသောက်ကြ ထမင်းတွေထည့်ပေးလိုက် ဟင်းတွေ လိုက်ဖြည့်ပေးလိုက်နဲ့ ဝမ်းမြောက်စရာပါပဲ။

သြော် .. ကြင်နာတတ်သူတွေရဲ့ နှလုံးသားဟာ လူတိုင်းအတွက် အလှဆုံး ထားတတ်ကြတယ် ဆိုတာ ဦးဇင်း လှမ်းမြင်လိုက်ရတယ်။
 

၁၂.၁၂.၂၀၀၉   ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၁ ရက်နေ့
နံနက် ၁၀ နာရီတွင် သာသနဝေပုလ္လကျောင်းတိုက်တွင် သြ၀ါဒဆရာတော်ကြီးများအား နေ့ဆွမ်းကပ်လှူပါမည်။
နံနက် ၁၁ နာရီတွင် မြရတနာသို့ ကားများဖြင့် ဆရာတော်ကြီးများအားပင့်ဆောင်ပြီး ရေစက်ချ အခမ်းအနား
ဆောင်ရွက်ပါမည်။
ညနေ ၆း၃၀ နာရီအချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အရှင်ဉာဏ၀ရ ၏ တရားပွဲအစီအစဉ် ဖြစ်ပါသည်။

၁၃.၁၂.၂၀၀၉  ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၂ ရက်နေ့

နံနက်(၈)နာရီတွင် စာရေးဆရာများ၏ စာပေဟောပြောပွဲအစီအစဉ်ကိုကျင်းပပြီး

ညနေ(၄)နာရီအချိန်တွင် ရွာလုံးကျွတ် စတုဒီသာကျွေးမွေးပွဲအစီအစဉ်ဖြစ်ပါသည်။

၁၄.၁၂.၂၀၀၉  ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၃ ရက်နေ့

ဆွမ်းလောင်းအသင်း၏ ဆွမ်းလောင်းပွဲအစီအစဉ်တွင် အလှူရှင်တစ်ဦးမှ သံဃာအပါးစေ့ ဆပ်ပြာခဲနှင့်ဘလိပ်ဓါး လောင်းလှူမှာဖြစ်ပြီး

မေတ္တာရှင်ရွှေပြည်သာ ဆရာတော် ဦးဇ၀န မှ မေတ္တာရှင်ဖောင်ဒေးရှင်းအတွက် နံနက် ရန်ကုန်မြို့မှာ လေယဉ်ဖြင့်ကြွလာပြီးသြ၀ါဒ ချီးမြင့်မည်ဖြစ်ပါကြောင်း






၁၂.၁၂.၂၀၀၉ ရက်နေ့တွင် အလှူရှင် ကိုကြီး (ကိုရီး)က မြရတနာ ကျေးရွာ ရဟန်းရှင်လူများအတွက် အဝီစိတွင်းကို ရေစက်ချ လှူဒါန်းပါမည်။

ကိုကြီးရဲ့ ရေတွင်းရေစက်ချပွဲသို့ လိုက်ပါလိုသူများ-
ရန်ကုန်မှ ၁၁.၁၂.၂၀၀၉ ရက်နေ့ညနေပိုင်းတွင် ထွက်ပါမည်။ လိုက်ပါလိုသူများ ၀၉-၅၁၉၅၄၂၀ သို့ဆက်သွယ်ကြပါရန်

စစ်ကိုင်းမှမြရတနာသို့ကားများ ၁၂.၁၂.၂၀၀၉ ရက်နေ့ နေ့လည် ၁၁ နာရီထွက်ပါမည်
လိုက်ပါလိုသူများ အထက်ပါဖုန်းနံပါတ် (၀၉-၅၁၉၅၄၂၀)သို့ဆက်သွယ်ကြပါရန်။

Blog Entryဖြေရှင်းချက်Nov 29, '09 7:40 AM
for everyone
ဦးဇင်းရဲ့ ဘွဲ့အမည်နဲ့ လုပ်ငန်းတွေကို စွပ်စွဲ နေသော မဟုတ်မမှန် စွပ်စွဲချက် ပို့စ်များကို ဖြေရှင်းဖို့ရန် အစီစဉ်လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ အလှူရှင်ဒါယကာ၊ဒါယိကာမများ၏ သဒ္ဒါတရားကို ငဲ့ညှာသောအားဖြင့် ဖြေရှင်းပေးလိုက်ပါတယ်။

၎င်းစွပ်စွဲချက်များ နှင့်ဦးဇင်းရဲ့လုပ်ငန်း မှန်သမျှကို အသေးစိတ်သိလိုသူများ ကိုယ်တိုင် အမြဲတမ်း လာရောက်လေ့လာနိုင်ပါတယ်။

နောက်ဆိုလျှင် ဘယ်လိုစွပ်စွဲမှုမျိုးမှ ဖြေရှင်းပေးမည် မဟုတ်ကြောင်း အများသိစေရန်မေတ္တာရှေ့ထား ရေးသားလိုက်ပါတယ်။
အလှူရှင်ဒါယကာ။ဒါယိကာမများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းအပေါင်းတို့နှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်။


အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ သံဃာ သာမဏေများ သီတင်းသုံးဖို့ ကျောင်းလေးတစ်ကျောင်း ဆောက်နေတာ ပြီးစီးပါတော့မယ်။ ကျောင်းလေးက သစ်လုံးတိုင်များနဲ့ ဝါးကပ်မိုး၊ ထရံကာ ဝါးကြမ်းခင်း ကျောင်းလေးဖြစ်ပြီး သာမဏေ ၁၅ ပါး သီတင်းသုံးလို့ ရတယ်လို့ အောင်မြေဦးဆရာတော်က အမိန့်ရှိပါတယ်။
ကျောင်းလေးဆောက်ဖို့ စီစဉ်တော့ ''နေမယ့်သူ (ကိုရင်တွေ)က အဆင်သင့်ပဲ''လို့ ဆရာတော်က မိန့်တယ်။ အောင်မြေဦးမှာ လက်ရှိ ကျောင်းနေကိုရင် အပါး ၇၀ လောက် ရှိပြီး တောင်ပေါ်နဲ့ တောရွာတွေက လေးငါးပါးတစ်တွဲ ကိုရင်လေးတွေ လာလာပို့တတ်ကြပါတယ်။ ဒါပေမယ့် နေရာ မရှိရင် လက်ခံဖို့ ခက်တယ်လို့ သိရပါတယ်။
ချင်းတောင်မှာလဲ တောင်တန်းသာသနာပြုကျောင်း ၄၅ ကျောင်း ရှိပါတယ်။ ချင်းတောင်မှာ အစစ ရှားပါးချို့ငဲ့တော့ သာသနာပြုကြွတဲ့ သံဃာတွေလဲ ချို့ချို့တဲ့တဲ့ နေထိုင်ဘုဉ်းပေးရတယ်။ ရွာသားတွေက ဗုဒ္ဓဘာသာ မဟုတ်တော့ ဆွမ်းခံလို့လဲ မရ၊ စီမံဆက်ကပ်မယ့် ကပ္ပိယလဲ မရှိ၊ ကိုယ့်ဆွမ်းကိုယ်ချက်ပြီး ဘုဉ်းပေးရပါတယ်။ နေတာကတော့ တဲကျောင်းလေးတွေနဲ့ပါပဲ။
သာသနာပြု သံဃာတော် တစ်ပါးကို တစ်လ ဆန် ၁၀ ပြည်၊ ကုလားပဲ တစ်ပြည်၊ စားအုန်းဆီ ၅၀ သား ရပါတယ်။ ဘယ်ဘာသာဖြစ်ဖြစ် ချို့တဲ့တဲ့ သွေးချင်း တိုင်းရင်းသားတွေကြား သာသနာပြုတယ်ဆိုတာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို နိုင်သမျှ ဖြည့်ဆည်းပေးပြီး ပြုလေ ထိရောက်လေဆိုတော့ တောင်ပေါ်မှာ ဗုဒ္ဓဘာသာ သာသနာပြုရာမှာ ဒီဟာကွက်ကို ဖြည့်ဆည်းမပေးနိုင်သေးတော့ အောင်မြင်မှု နှေးနေတယ်။
ဒေသခံတွေရဲ့ ကွက်လပ်တွေကို ဖြည့်ပေးဖို့ မဆိုထားနဲ့ သာသနာပြု သံဃာတွေအတွက် ပစ္စည်းလေးပါးကိုတောင် နောက်က ဒကာဒကာမတွေ ထောက်ပံ့မှု အားနည်းနေပါသေးတယ်။ ဒီအခက်အခဲကြားထဲက သံဃာတော်များရဲ့ ကြိုးပမ်းမှုနဲ့ ချင်းကိုရင်လေးတွေ ပေါ်ထွန်းလာပြီး မြေပြန့်ဆင်းပြီး ပရိယတ္တိစာပေတွေ သင်ယူနေကြပါပြီ။
တောင်ပေါ်သွေးချင်းတွေဆီ သာသနာ ပြန့်ပွားစေဖို့၊ မြတ်စွာဘုရားရဲ့ တရားတော်ကို တောင်ပေါ်သား ညီနောင်တွေပါ မှီဝဲခံစားခွင့်ရဖို့ တောင်တန်း သာသနာပြု လုပ်ငန်းကိုရော၊ ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေရတဲ့ ချင်းတိုင်းရင်းသား သွေးချင်းများကိုရော တတ်စွမ်းသမျှ လှူဒါန်းအားပေးကြဖို့ နှိုးဆော်ပါတယ်။
ချင်းတောင်မှာ ဘာလိုသလဲ မမေးနဲ့၊ အကုန်လိုတယ် လို့ သိရပါတယ်။ သာသနာပြု သံဃာတွေကို လှူဒါန်းဖို့ သင့်လျော်တဲ့ ပစ္စည်းများကတော့ အခြေခံ စားကုန် (ငါးပိ၊ ငါးခြောက်၊ လက်ဖက်၊ ငါးသေတ္တာ၊ အချိုမှုန့်၊ ပုန်းရည်ကြီး၊ စသည်)တွေ ဖြစ်ပါတယ်။ နောက်က အသိအမှတ်ပြုအားပေးသူ များများစားစား မရှိဘဲ ဖြစ်သလို တောင်တန်းသာသနာပြုရတဲ့ ဗုဒ္ဓဘာသာ သံဃာတွေထက် အားပေးဂရုစိုက်မယ့် အသိုင်းအဝိုင်း လုံလုံလောက်လောက် ရှိတဲ့ အခြားသော သာသနာပြုများက ပိုအောင်မြင်ခရီးပေါက်သွားတာ လက်တွေ့ပါပဲ။
''ငါတို့တွေ ဗုဒ္ဓဘာသာ မဖြစ်တာ နင်တို့ညံ့လို့'' လို့ တိုင်းရင်းသား အဘိုးကြီးတစ်ယောက်က ဘွင်းဘွင်းကြီး ပြောတဲ့အကြောင်း အရှင်ဥာဏဒီပ (ဓမ္မရတနာ)က ရေးဖူးပါတယ်။ ဒီအရှင်ပဲ ချင်းတောင်က ရွာတစ်ရွာကို တခြားဆရာတော်တစ်ပါးနဲ့ ရောက်သွားတော့ ရွာသားတွေက ပြောတယ်။ ''ငါတို့ကလေးတွေကို ပညာသင်ပေးမယ်ဆိုရင် ခေါ်သာသွား''တဲ့။
ဗုဒ္ဓမြတ်စွာဟာ လက်နက်နဲ့ သာသနာပြုခြင်း၊ စစ်မက်နဲ့ သာသနာပြုခြင်း၊ အဓမ္မ သိမ်းသွင်းပြီး သာသနာပြုခြင်းများကို လုံးဝ ခွင့်မပြုပါဘူး။ ကာယကံရှင်ရဲ့ သဘောဆန္ဒမပါဘဲ သရဏဂုံ ဇွတ်တင်ပေးရင်တောင် သရဏဂုံ မမြောက်ဘူးဆိုတာ အတိအလင်း မိန့်ကြားခဲ့ပါတယ်။ ဒီတော့ မေတ္တာနဲ့ ဓမ္မကို အားကိုးပြီးသာ သာသနာပြုခွင့် ရှိတဲ့ သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ကြဖို့နဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မေတ္တာတရားနဲ့ ဒါနကို သက်သေပြတဲ့အနေနဲ့ တောင်ပေါ်တိုင်းရင်းသား မောင်နှမတွေအတွက်လဲ အဝတ်အစား၊ စောင်၊ ဆေးဝါး၊ အစားအစာများ နီးစပ်ရာကနေ လှူဒါန်းကြဖို့ နှိုးဆော်ပါတယ်။
တောင်တန်းသာသနာပြုကျောင်း ၄၅ ကျောင်းက သာသနာပြု သံဃာတော်တွေကို လှူဖွယ်ဝတ္ထုများ လှူဒါန်းလိုရင် ချင်းပြည်နယ် သာသနာရေးဦးစီးမှူးရုံး (၀၇၀၇၀၂၂၉) နဲ့ ဦးဇင်းရဲ့ဖုန်းနံပါတ် ၀၉-၂၁၁၀၂၀၂ ကိုဆက်သွယ်နိုင်ကြပါတယ်။



အာရုဏ်ကြာဇံချက်အလှူရှင်

ဒေါက်တာမျိုးမင်းသန့်+ဒေါ်မေယမင်းသူ(ရန်ကုန်မြို့) ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်း၏ ဆက်သွယ်မှု

နေ့ဆွမ်း

ဆွမ်း+ပဲ

ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး)မန္တလေးမြို့

နေ့ဆွမ်းဟင်း

ဝက်သား+ဂေါ်ရခါးသီး

သရက်ချဉ်

ငရုတ်သီးကြော်

မ၀ါဝါခိုင်မင်း ၊ ကိုရန်အောင် ၊ ရွာသာလေးဝိုင်တီယူ၊ ဂျူလိုင်ဒရင်း တို့ဦးဆောင်သောတစ်နှစ်စာဆွမ်းအလှူရှင်များအဖွဲ့နှင့်ဦးအောင်ဖေအားရည်စူး၍ ဒေါ်နန်းသန္တာာအောင်ကောင်းမှု

 

ဝေယျာဝစ္စကုသိုလ်ရှင်များ

 

ဦးသုဇာတ ၊ဦးအာဒိစ္စ ၊ ဦးပညာသာမိ ၊ ဦးကေသ၀ ၊ ဦးသာသန

 

ဦးသုဇတ ကတော့ ညပိုင်းဆွမ်းချက်တဲ့နေရာမှာတာဝန်ယူပြီးဆောင်ရွက်ပေးပါတယ်။

၊ဦးအာဒိစ္စ ၊ ဦးပညာသာမိ တို့ကတော့ နံနက်အစော စားပွဲခုံများ ချခြင်း၊ ထိုင်ခုံများစီစဉ်ပေးခြင်း ၊ အာရုဏ် ကပ်ရာမှာ အစစအရာရာ ကြာဇံဟင်း လိုက်ထည့်ခြင်းများ

ဆောင်ရွက်ကြပြီး ဦးကေသ၀ ၊ ဦးသာသန တို့ကတော့ နေ့ဆွမ်းလောင်းလှူရာမှာ ပါဝင်ကုသိုလ်ယူကြပါတယ်။

သီလရှင်ဝေယျာဝစ္စ ကုသိုလ်ရှင်များ

ဒေါ်ဝါယမီ ၊ ဒေါ်ဝိလာသီ ၊ မစရဏမဉ္စရီ တို့မှ ဟင်းချက်စဉ်များနှင့်နေ့ဆွမ်းလောင်း လှူရာတွင် ကုသိုလ်ယူကြပါတယ်။

ဒါယကာ၊ ဒါယိကာမ ကုသိုလ်ရှင်များကတော့

မောင်ဇော်ဇော်အောင်၊ မောင်ဇော်ထွေးဦး၊ မောင်ဂစ်တာ၊ မောင်ဇော်၊ မောင်ဝေ တို့ဖြစ်ကြပြီး

ဒေါ်ကြည်ဌေး၊နှင့်သမီး မပွေး၊ နှင့်ညီမ မငြိမ်းအိထွေး တို့ဖြစ်ကြပါတယ်။

 

နံနက် ၅နာရီခွဲမှာစတင် အာရုဏ်ကပ်လှူကြပါတယ်။ မနက်စောစော ရာသီဥတုအေးအေးမှာ ကြာဇံ့ချက်ကတော်တော်လေးအဆင်ပြေပါတယ်။ သံဃာတော်များတစ်ပါးကို နှစ်ပန်းကန်စီလောက်ဘုန်းပေးကြတယ်။ အ၀ဘုန်းပေးကြပါတယ်။ ဝေယျာဝစ္စများလည်းတက်တက်ကြွကြွ ဆောင်ရွက်ကြပါတယ်။ ဝေယျာဝစ္စ ဒါယကာ၊ ဒါယိကာမများကို နော်ဝေနိုင်ငံမှ အလှူရှင်တစ်ဦးမှ ပုဆိုး များ ထမီများ လှူပေးထားတော့ လာဆောင်ရွက်ကြတဲ့ဝေယျာဝစ္စများ လည်းမငြီးငွေ့တော့ပါဘူး။ ကြာဇံချက်ကတော်တော် ကောင်းတော့ ဗိုက်က ဆာဆာနဲ့ ရာသီဥတုက အေးအေး ကြာဇံကလည်းပူပူလေးဆိုတော့

ဝေယျာဝစ္စ တွေအတွက်ကို မကျန်အောင်ဖြစ်သွားပါတယ်။ သံဃာအပါး ၃၀၀ လောက်ဘုန်းပေးကြပါတယ်။ ဦးဇင်းကြီးတွေကိုတော့ ကျောင်းထဲမှာစောင်ခင်းပြီးစားပွဲဝိုင်း တွေ ဌားပြီး ကပ်ပါတယ်။ စားပွဲဝိုင်း သုံးလုံးလောက် အလှူရှင်ရှိရင် ဌားရမ်းရတဲ့အခက်အခဲမရှိတော့ပါဘူး။

 

နေ့ဆွမ်းက တစ်ပါတ်မှာ တစ်ကြိမ်လောင်းတဲ့ ၀က်သားဆိုတော့ မငြီးငွေ့နိုင်ပါဘူး၊ သရက်ချဉ်သုတ်ပါ ထည့်ထားတော့ ဘုန်းပေးရတာမအီတော့ပါဘူး။ ပဲလေးနဲ့ ငရုတ်သီးကြော်

လည်းပါတော့ တော်တော်အဆင်သွားတာပေါ့။ နေ့ဆွမ်း ကိုတော့ သံဃာ အပါး ၄၅၀ လောက် ကြွရောက် ၍ အလှူခံယူတော်မူကြပါတယ်။

 

အခုလိုဆွမ်းလောင်းအသင်းဖြစ်မြောက်အောင် စတင် အကောင်အထည်ဖော်နိုင်ရန်နှင့် နယ်သင်တန်း မျာဖွင့်လှစ်နိုင်အောင်ကူညီပေးခဲ့ကြသော ဦးဇင်းရဲ့ ကျေးဇူးရှင်များဆိုရင်လည်းမမှားပါဘူး။  Friendsdaygroup မှ ဂျေဂျူဝိုင် မ၀ါဝါခိုင်မင်း ကိုရန်အောင် ကိုပီကေ တို့ နှင့် ဦးဇင်းရဲ့ ဒါယကာများ ကိုဖြိုး နှင့် ကိုထက် အပါအ၀င် ကျောင်းအတွက် မီးစက်နှင် ရေကန်အတွက်အဆင်ပြေစေရန် ပံ့ပိုးပေးသော ဒါယိကာမကြီး ဒေါ်နန်းသန္တာအောင် နှင့် အခြားအလှူရှင်များအားလုံး ကို နေ့စဉ်ပဲ မေတ္တာပို့သလျှက်ရှိပါတယ်။ ယခုဆိုလျှင် သင်တန်းကိစ္စများ ၊ဆွမ်းလောင်းအသင်းနှင့် အခြားထောက်ပံ့ရေးအစီအစဉ်များကိုပါ တိုးချဲ့ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ မြရတနာ ကျေးရွာအတွက် ရေတွင်းတူးအစီအစဉ်မှစ၍ ယခုဆိုလျှင် လျှပ်စစ်မီးရရှိရေး၊ စာကြည်တိုက် အပတ်စဉ် ဥပုသ်စောင့် သီလယူတရားနာရန် အစီအစဉ်များ တရားပွဲအစီအစဉ်များကိုပါ ဆောင်ရွက်လျှက်ရှိပါတယ်။

Pages:12345678